အောင်မြင်မှုအတွက် 'ဆာလောင်နေတယ်'လို့ ဘာကာမိတ်ဆက်ပွဲမှာ ပြောလာတဲ့ လီဝန်ဒေါစကီး

အောင်မြင်မှုအတွက် 'ဆာလောင်နေတယ်'လို့ ဘာကာမိတ်ဆက်ပွဲမှာ ပြောလာတဲ့ လီဝန်ဒေါစကီး
Photo: EPA

ရောဘတ်လီဝန်ဒေါစကီးဟာ ဗုဒ္ဓဟူးနေ့က ဘာစီလိုနာကစားသမားအဖြစ် တရားဝင်ကြေညာခဲ့ပြီး သူ့ရဲ့မယုံနိုင်လောက်အောင် ဂိုးသွင်းစွမ်းရည်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆာလောင်နေသေးတယ်လို့ အခိုင်အမာဆိုပါတယ်။

ဘိုင်ယန်မြူးနစ်ကနေ ယူရိုသန်း ၅၀ ဝန်းကျင်နဲ့ ခေါ်ယူခဲ့တဲ့ ပိုလန်တိုက်စစ်မှူးကို ကလပ်ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာနဲ့အတူ ဘာစီလိုနာကစားသမားအဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

လာလီဂါအသင်းဟာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီကို ၆-၀ နဲ့ အနိုင်ရရှိကာ အမေရိကန်ခရီးစဉ် လေးပွဲအတွက် စတင်ခဲ့အပြီး တစ်ရက်အကြာမှာ မိတ်ဆက်ခဲ့တာပါ။

လီဝန်ဒေါစကီးဟာ စာချုပ်သစ်ကိစ္စအငြင်းပွားမှုအပြင် နည်းဗျူဟာရွေးချယ်မှုများနဲ့ပတ်သက်ပြီး နည်းပြဂျူလီယန် နာဂယ်လ်မန်းနှင့် ထိပ်တိုက်တွေ့ပြီးနောက် ဂျာမန်ချန်ပီယံအသင်းကနေ ထွက်ခွာခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ကစားသမားက အသင်းနဲ့အတူ စတင်ဖို့ မစောင့်နိုင်တော့ဘူးလို့ဆိုပါတယ်။

လီဝန်ဒေါစကီးဟာ ၂၀၁၄ မှာ ဘိုင်ယန်ကို ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၃၇၅ ပွဲမှာ ၃၄၄ ဂိုးသွင်းယူကာ ဘွန်ဒက်လီဂါရဲ့ တစ်ရာသီတည်းသွင်းဂိုးစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဒီသီတင်းပတ်ကုန်မှာ လာ့စ်ဗီးဂတ်စ်မှာ သူ့ရဲ့ ဘာကာ ပွဲဦးထွက်ကို ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားနိုင်မှာဖြစ်ပြီး သူက “ဒီအခိုက်အတန့်ကို ရောက်ဖို့ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားလုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဲဒီကို ရောက်ခဲ့ပါတယ်။

"ကျွန်တော် အောင်မြင်ဖို့ အမြဲတမ်း ဆာလောင်နေပြီး အနိုင်ယူလိုတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတယ်။ ဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပြီး ဒါက ကြီးမားတဲ့ အလားအလာရှိတဲ့ အသင်းတစ်သင်းလို့ မြင်ထားပြီးသားပါ။

"အရည်အသွေးတွေ အများကြီးရှိပြီး ကလပ်အတွက် အကောင်းဆုံးလုပ်ပေးချင်ပါတယ်။ အဆင်သင့်ဖြစ်နေပါပြီ။"

လီဝန်ဒေါစကီးဟာ ငွေကြေးအကျပ်အတည်းကြားက ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တာပါ။ ကလပ်အသင်းက ယူရိုတစ်ဘီလီယံနီးပါးအကြွေးတွေရှိနေပေမယ့်လည်း တိုက်စစ်မှူးဟာ အေစီမီလန်မှ အိုင်ဗရီကို့စ်ကွင်းလယ်လူ ဖရန့်ကက်စ်စီ၊ ချယ်လ်ဆီးနောက်ခံလူ ခရစ္စတင်းဆန်၊  ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဘရာဇီးတောင်ပံကစားသမား ရာဖင်ဟာတို့နောက် ကလပ်ရဲ့ စတုတ္ထမြောက်နွေရာသီအပြောင်းအရွှေ့ခေါ်ယူမှုဖြစ်လာပါတယ်။

"ကျွန်တော်တို့အနေနဲ့ ပြန်လည်ဖွဲ့စည်းမှုကို အကောင်းဆုံးလုပ်ဆောင်နေပါတယ်"လို့ လာပေါ်တာက ပြောပါတယ်။ “ဒီလိုဖြစ်မြောက်ဖို့အတွက် ကျွန်တော်တို့ အများကြီးလုပ်ခဲ့ရပါတယ်။

"မင်း (လီဝန်ဒေါစကီး)အတွက် ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခု ရှိတယ်။ မင်းက ဘောလုံးကြယ်ပွင့်ပါ။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly