တရုတ်က ရုရှား၊ အမေရိကန်တို့နှင့်ကုန်သွယ်ရေး ၂၀၂၂ ခုနှစ်အတွင်း ကိန်းဂဏန်း ရာခိုင်နှုန်း ၂ ခုအထိ တိုးတက်လာ

တရုတ်က ရုရှား၊ အမေရိကန်တို့နှင့်ကုန်သွယ်ရေး ၂၀၂၂ ခုနှစ်အတွင်း ကိန်းဂဏန်း ရာခိုင်နှုန်း ၂ ခုအထိ တိုးတက်လာ
Photo: EPA

တရုတ်သည် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း၌ပင် ရုရှားနှင့် ကုန်သွယ်ရေးတွင် ၂၇ ဒသမ ၂ ရာခိုင်နှုန်း၊ အမေရိကန်နှင့် ၁၂ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာကြောင်း တရုတ်အကောက်အခွန် အထွေထွေ အုပ်ချုပ်ချုပ်ရေးဌာနက ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရုရှား-တရုတ်ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ် ပထမ ၆ လတွင် ကန်ဒေါ်လာ ၈၀ ဒသမ ၆၇၅ ဘီလီယံထိ ရောက်ရှိခဲ့ရာတွင် တရုတ်မှရုရှားသို့ ပို့ကုန်သည် ၂ဒသမ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ပထမ ၆ လအတွင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၂၉ ဒသမ ၅၅ ဘီလီယံသာရှိခဲ့သည်။ ရုရှားက တရုတ်သို့ ပို့ကုန်တွင်လည်း ၄၈ ဒသမ၂ ရာခိုင်နှုန်းမြင့်တက်ပြီး ကန်ဒေါ်လာ ၅၁ ဒသမ ၁၂၅ ဘီလီယံရှိခဲ့သည်။

ယမန်နှစ်က ရုရှားနှင့် တရုတ်တို့အကြားကုန်သွယ်ရေးသည် ၃၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ကာ ဒေါ်လာ ၁၄၆ဒသမ ၈၈၇ ဘီလီယံအထိ စံချိန်တင် ရရှိခဲ့သည်။

အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေး၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ဒေါ်လာ ၃၈၃ ဒသမ၉ ဘီလီယံရှိခဲ့ရာတွင် တရုတ်က အမေရိကန်သို့ ပို့ကုန် ၁၅ ဒသမ၈ ရာခိုင်နှုန်းမြင့်တက်ပြီး ဒေါ်လာ ၂၉၂ ဒသမ ၆၅

ဘီလီယံတန်ဖိုးရှိခဲ့သည်။ အမေရိကန်က တရုတ်သို့ ပို့ကုန်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်၍ ဒေါ်လာ ၉၁ ဒသမ ၂၈ ဘီလီယံရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required