Red Lantern Analytica သုတေသနအဖွဲ့က ဝက်ဘ်ဆိုက်စာမျက်နှာ ခိုးဝင်ခံရမှုအတွက် တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန်ပြစ်တင်

Red Lantern Analytica သုတေသနအဖွဲ့က ဝက်ဘ်ဆိုက်စာမျက်နှာ ခိုးဝင်ခံရမှုအတွက် တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန်ပြစ်တင်

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အလွတ်တန်းသုတေသနအဖွဲ့ Red Lantern Analytica (RLA) သည် ၎င်း၏ ဝက်ဘ်ဆိုက်စာမျက်နှာ ခိုးဝင်ခံရမှုအတွက် တရုတ်ကွန်မြူနစ်ပါတီ (CCP) အား ဇူလိုင် ၁၁ ရက်က ဝေဖန်ပြစ်တင်လိုက်သည်။

“Red Lantern Analytica (RLA) ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာဟာ ဒီကနေ့မှာ ချိုးဖောက်ခံလိုက်ရပါတယ်။ တိုက်ခိုက်သူတွေထားခဲ့တဲ့ အထောက်အထားအရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ညွှန်ကြားချက်အရလုပ်နေတဲ့ တရုတ်ဟက်ကာတွေဟာ အဲဒီအတွက် တာဝန်ရှိတယ်ဆိုတာ သေချာပါတယ်” ၎င်းတို့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

RLA အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီက ကျောထောက်နောက်ခံပြုထားသော 50 Cent Army အဖွဲ့ကိုလည်း ရှုတ်ချခဲ့သည်။

“ဒီ အဖျက်အဆီးလုပ်ရပ်တွေအားလုံးဟာ 50 Cent Army လို့ခေါ်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ကျောထောက် နောက်ခံပြုထားတဲ့ အဖွဲ့ ပါဝင်ပတ်သက်နေနိုင်ပါတယ်။ ဉာဏပစ္စည်းတွေ ခိုးယူဖို့နဲ့ သူလျှိုလုပ်ဖို့ ရည်ရွယ်ချက် တွေနဲ့ တရုတ်က တိုက်ခိုက်မှုတွေ စလုပ်ခဲ့တာပါ” ဟု RLA ၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် Red Lantern Analytica ၏ ဝက်ဘ်ဆိုက်ပင်မစာမျက်နှာတွင် တရုတ်ဘာသာဖြင့် ဆောင်းပါးများစွာ ပေါ်လာခဲ့သည်။

ဝက်ဘ်ဆိုက်ဆာဗာ တိုက်ခိုက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော ကွန်ပျူတာများနှင့် ကွန်ရက်များ၏ လုံခြုံရေးနှင့်ဂုဏ်သိက္ခာကို ထိခိုက်မှုရှိသလို ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူများနှင့် မကြာခဏ ဝင်ရောက်ဖတ်ရှုသူများ၏ အချက်အလက်များအပေါ် သက်ရောက်မှုရှိသောကြောင့် လူသန်းပေါင်း များစွာ၏ လုံခြုံမှုကို အန္တရာယ်ဖြစ်စေသော CCP ၏ အဆင်အခြင်မဲ့လုပ်ရပ်အပေါ် RLA က အပြင်းအထန် ဝေဖန်ခဲ့သည်။

“တရုတ်ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုအပေါ် လျစ်လျူရှုပြီးတော့ RLA ဟာ တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ပင်လယ်ရေကြောင်းနဲ့ စစ်ဘက်ဆိုင်ရာ အင်အားပြမှု၊ ကြွေးမြီထောက်ချောက် သံခင်းတမန်ခင်း၊ တရုတ်ရဲ့ ပထဝီနယ်နိမိတ်ဖြန့်ကျက်မှုအပေါ် ဝေဖန်မှုနဲ့ သဘောထားကွဲလွဲမှုတွေကို နိုင်ထက်စီးနင်း ဖြေရှင်းတာတွေကို ဆက်လက်ထုတ်ဖော်ပြောဆိုသွားမှာဖြစ်ပါတယ်” ဟု RLA က ထပ်တလဲလဲ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly