တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲတစ်ဦး နီပေါသို့ ရောက်ရှိနေ

တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲတစ်ဦး နီပေါသို့ ရောက်ရှိနေ

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ လျူကျန်းချောင်သည် နီပေါနိုင်ငံသို့ ၄ ရက်တာ ခရီးစဉ်အဖြစ် ခတ္တမန္ဒူမြို့သို့ ရောက်ရှိနေသည်။

လျူဦးဆောင်သည့် အဖွဲ့ဝင် ၈ဦးပါ ကိုယ်စားလှယ်အဖွဲ့အား နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဇူလိုင် ၁၀ ရက်တွင် ခတ္တမန္ဒူရှိ ထရီဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

လျူသည် ဇွန်လပထမပတ်တွင် ရာထူးခန့်ခံရပြီးနောက် နီပေါသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိ လာခြင်းဖြစ်ကြာင်း Pardafas က ဖော်ပြသည်။

ဟိမဝန္တာနိုင်ငံသည် ဖက်ဒရယ်နှင့် ပြည်နယ်ရွေးကောက်ပွဲများကျင်းပရန် ရည်ရွယ်ထားကာ ရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာ ၁၈ ရက်တွင် နှစ်မျိုးစလုံး အဆင့်တစ်ဆင့်တည်းဖြင့် ကျင်းပရန် အဆိုပြုထားချိန်တွင် တရုတ်ကိုယ်စားလှယ်များ၏ ခရီးစဉ် ရောက်ရှိလာခြင်းဖြစ်ကြောင်း Kathmandu Post သတင်းစာက ဖော်ပြသည်။

တရုတ်သည် ကွန်မြူနစ်အင်အားစုများကြား စည်းလုံးညီညွတ်မှု ဖြစ်နိုင်ခြေကို ချိန်ဆနေဆဲဖြစ်သည်ဟု လည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

တရုတ်က အပြင်းအထန်ကန့်ကွက်နေသော်လည်း နီပေါပါလီမန်က အမေရိကန်၏ ထောင်စုနှစ် စိန်ခေါ်မှုကော်ပိုရေးရှင်းသဘောတူညီချက်ကို မကြာသေးမီးက အတည်ပြုထားသည်။

လုံခြုံရေးနှင့် စစ်ရေးနယ်ပယ် အမေရိကန်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (SPP) ကလည်း နိုင်ငံအတွင်း အချေအတင်ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။ နီပေါသည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန်၏ မဟာမိတ်ဖြစ်သွားမည်ကို တရုတ်က အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ 

နီပေါအစိုးရက SPP ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မပါဝင်ရန် ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် တရုတ်အစိုးရက ချီးကျူးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် နီပေါကွန်ဂရက်လွှတ်တော်နှင့် ဆက်ဆံရေးတိုးချဲ့ရန် စိတ်အား ထက်သန်နေကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

CPC နှင့် နီပေါနိုင်ငံရေးပါတီများအကြား ပါတီအချင်းချင်း ဆက်ဆံရေးတည်ဆောက်ခြင်းနှင့် တရုတ်ဦးဆောင်သော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို အရှိန်မြှင့်ဆောင်ရွက်ခြင်းအပြင် ကိုယ်စားလှယ်အဖွဲ့သည် နီပေါတွင် တရုတ်အကျိုးစီးပွားကို မြှင့်တင်ရန်လည်း မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly