ပက်ဒမာမြစ်ကူးတည်ဆောက်ခြင်းအတွက် မျက်နှာကောင်းယူနေသည့် တရုတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရ ဝေဖန်

ပက်ဒမာမြစ်ကူးတည်ဆောက်ခြင်းအတွက် မျက်နှာကောင်းယူနေသည့် တရုတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရ ဝေဖန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပက်ဒမာမြစ်ကူး တံတားဖွင့်ပွဲအခမ်းအနားမတိုင်မီတွင် တံတားတည်ဆောက်လုပ်ရေး အတွက် မျက်နှာကောင်းယူလိုသည့် တရုတ်၏ လုပ်ဆောင်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ဒါကာမြို့ရှိ တရုတ်သံရုံးမှ ရယ်စရာအကောင်းဆုံးသော အပြုအမူကို ပြုလုပ်ရခြင်းမှာ ခါးပတ်လမ်း ရပ်ဝန်း စီမံကိန်းသည် အရှိန်လျော့လာနေသည်ဟူသော တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှုများကြောင့်ဖြစ်ကြောင်း လေ့လာ တွေ့မြင်ရမည်ဖြစ်သည်။

ဘက်စုံသုံးပက်ဒမာမြစ်ကူးတံတားကို ဘင်္ဂလားဒေ့ရှ်အစိုးရက အားလုံးစိုက်ထုတ်ပေးထားပြီး နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံခြားအေဂျင်စီများ၏ နိုင်ငံခြားရန်ပုံငွေမှ အဆိုပါ တံတားကို တည်ဆောက်ရာတွင် ငွေကြေး ပံ့ပိုးမှု မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အခိုင်အမာ ပြောကြားခဲ့သည်' ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ချ် ဟာစီနာက တံတားကို တရားဝင် ဖွင့်လှစ်ခြင်းမပြုမီ ဇွန်လ ၂၅ ရက် တွင် ထုတ်ပြန်ချက်တစ်စောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဘက်စုံသုံး ပက်ဒမာမြစ်ကူး တံတား၏ အချို့သော အစိတ်အပိုင်းများကို တရုတ် BRI နှင့် နိုင်ငံခြားရန်ပုံငွေများ ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ပုံဖော်ရန် ကြိုးစားနေသည်ကို သတိပြုမိပြီးနောက် ဘင်္ဂလားဒေ့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုပါသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တံတားဖွင့်ပွဲမတိုင်မီ ၃ ရက်အလို ဇွန်လ ၂၂ ရက်တွင် BRI ၏ တပ်ဦးအဖွဲ့အစည်းဖြစ်သော ဘင်္ဂလားဒေ့ရှ် တရုတ် ပိုးလမ်းမဖိုရမ်၏ ကမကထမှုဖြင့် ပဒ်မာတံတား- ဘင်္ဂလားဒေ့ရှ်-တရုတ်ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာတစ်ခု'ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို စီစဉ်ခဲ့သည်။

ဒါကာမြို့ရှိ တရုတ်သံအမတ်ကြီး လီကျီမင်းအား ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့သည်။ တံတားကို BRI နှင့် ချိတ်ဆက်ရန် ကြိုးပမ်းမှုအတွက် ဒါကာရှိ တရုတ်သံရုံးအား ဒေါသထွက်နေသော ဘင်္ဂလားဒေ့ရှ့်အစိုးရက တုံ့ပြန်ပြောဆိုခဲ့သည်။

ဆောက်လုပ်မှုကုန်ကျစရိတ်အားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

တံတားတည်ဆောက်ရေးတွင် ဘင်္ဂလားဒ့ရှ်နှင့် နိုင်ငံခြား ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required