ရှီကျင့်ဖျင်၏ ဖိနှိပ်မှုကြောင့် စိတ်ဆင်းရဲနေရသည့် တရုတ်နိုင်ငံသားများ ပြည်ပနိုင်ငံများ၌ ခိုလှုံခွင့်လျှောက်ထားမှု များပြားလာ

ရှီကျင့်ဖျင်၏ ဖိနှိပ်မှုကြောင့် စိတ်ဆင်းရဲနေရသည့် တရုတ်နိုင်ငံသားများ ပြည်ပနိုင်ငံများ၌ ခိုလှုံခွင့်လျှောက်ထားမှု များပြားလာ

တရုတ်တွင် အာဏာကို အကွက်ကျကျအလွဲသုံးစားလုပ်မှုကြောင့် စိတ်ပျက်လာရသဖြင့် နိုင်ငံခြားသို့ သွားရောက်ရန် ရွေးချယ်သူများပြားလာကြပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် အာဏာရ လာပြီးနောက် နိုင်ငံရပ်ခြားတွင် ခိုလှုံခွင့်တောင်းခံသူ အရေအတွက် သိသိသာသာ တိုးလာကြောင်း Hong Kong Post ဖော်ပြလိုက်သည်။

ရှီက အာဏာကို စုစည်းကာ ပိုမိုဖိနှိပ်သော အုပ်ချုပ်မှုစနစ်ကို မိတ်ဆက်လိုက်ခြင်းကြောင့် ခိုလှုံသူများ တိုးလာ ကြောင်း Safeguard Defenders မှ လေ့လာသုံးသပ် ထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြနေပြီး တရုတ်မှ ခိုလှုံခွင့်တောင်းခံသူ အရေအတွက်သည် စိုးရိမ်ဖွယ်ရာနှုန်းဖြင့် တိုးလာကြောင်း NGO မှ ယင်း၏ ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒနှင့် အခြားကန့်သတ်ချက်များရှိနေသော်လည်း အရေအတွက်တိုးလာနေ သည်။

တရုတ်နိုင်ငံသား စုစုပေါင်း ၇၃၀,ဝဝဝ ခန့်သည် ၂၀၁၂ ခုနှစ်မှ စတင်၍ ခိုလှုံခွင့်တောင်းခံခဲ့ပြီး ၁၇၀,ဝဝဝ ကျော်သည် တရုတ်နိုင်ငံပြင်ပတွင် ဒုက္ခသည်အဖြစ် နေထိုင်နေကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

တရုတ်မှ ခိုလှုံခွင့်တောင်းသူ အများစုအတွက် အမေရိကန်သည် ရေပန်းအစားဆုံး နေရာအဖြစ် ဆက်လက်ရှိ နေဆဲဖြစ်သည်။

အမေရိကသည် ၂၀၂၁ခုနှစ်တွင် တရုတ်မှ ခိုလှုံခွင့်တောင်းသူ ၈၈၇၂၂ ဦးကို လက်ခံခဲ့ပြီး သြစတြေးလျက ၁၅၇၇၄ ဦးကို လက်ခံခဲ့သည်။

ကနေဒါ၊ ဘရာဇီး၊ တောင်ကိုးရီးယားနှင့် ဗြိတိန်တို့တွင်လည်း ထောင်နှင့်ချီပြီး ခိုလှုံခွင့်လျှောက်ထားကြသည်။

တရုတ်တွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေခံအားဖြင့် နိုင်ငံကို ပိတ်ဆို့ကန့်သတ်မှုများချမှတ် ထားခဲ့သည်။

ယင်းကဲ့သို့ ပိတ်ဆို့ထားမှုများရှိနေသော်လည်း ပြီးခဲ့သည့် ၃ နှစ်အတွင်း ခိုလှုံခွင့်လျှောက်ထားသူ အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် တိုးလာသဖြင့် အမြင့်ဆုံး အရေအတွက်သို့ရောက်ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly