ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား၌ အကြမ်းဖက်သမား ရာချီ စုဝေးပြီး အိန္ဒိယဘက် ဝင်ရန် စောင့်ဆိုင်းနေကြောင်း သတင်းထွက်ပေါ်

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား၌ အကြမ်းဖက်သမား ရာချီ စုဝေးပြီး အိန္ဒိယဘက် ဝင်ရန် စောင့်ဆိုင်းနေကြောင်း သတင်းထွက်ပေါ်

အိန္ဒိယ-ပါကစ္စတန် နယ်စပ်ထိန်းချုပ်မျဉ်း (LoC) ၏ တစ်ဖက် ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (PoK) ဒေသတွင် အကြမ်းဖက်သမား ခြေကုပ်နေရာ တစ်ဒါဇင်ကျော်သည် ယခုအခါပြန်လည်လှုပ်ရှား နေသည်ဆိုသည့် ထောက်လှမ်းရေးသတင်းတစ်ခု ထွက်ပေါ်ပြီးနောက် အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယာ ရှိ လုံခြုံရေးတပ်ဖွဲ့များက အထူးသတိဖြင့် လုံခြုံရေး စောင့်ကြပ်လျက်ရှိသည်။

အကြမ်းဖက်သမား ၂၀၀ နီးပါးသည် ဂျမူးနှင့် ကက်ရှ်မီးယားထဲသို့ ထိုးဖောက်ဝင်ရောက်ရန် PoK ရှိ အဆိုပါ ခြေကုပ်နေရာများ၌ စောင့်ဆိုင်းလျက် ရှိကြောင်း ထောက်လှမ်းရေးသတင်းကို ကိုးကားပြီး အိန္ဒိယအစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ခြိမ်းခြောက်မှု အန္တရာယ်ကို ထည့်တွက်ထားသည့် အိန္ဒိယ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) နှင့် စစ်တပ်တို့သည် နယ်စပ်ဖြတ်ကျော် ထိုးဖောက်ဝင်ရောက်မည့် ကြိုးပမ်းမှုများကို တားဆီးရန် LoC တစ်လျှောက် ကင်းလှည့်စောင့်ကြပ်မှုကို ပိုမို တိုးမြှင့်လုပ်ဆောင်နေကြောင်း ယင်းကိစ္စကို သိရှိသည့် အရာရှိတစ်ဦးက ပြောသည်။

အကြမ်းဖက်သမားများသည် ဂျမူးနှင့် ကက်ရှ်မီးယားသို့ ထိုးဖောက်ဝင်ရောက်ရန် “ဥမင် လိုဏ်နှင့် မြစ်ချောင်း” ဧရိယာများကို အသုံးပြုလိမ့်မည် ဆိုသည်ကို ကြားသိထားကြောင်းနှင့် ၎င်းအကြမ်းဖက်သမားများသည် လက်ရှ်ကာ-အီ-တိုင်ဘာ (LeT) ၊ ဂျိုင့်ရှ်-အီ-မိုဟာမက် (JeM) နှင့် ဟစ်ဇ်ဘူလ် မူဂျာဟစ်ဒင် (HM) တို့နှင့် ဆက်နွယ်ပတ်သက်နေကြောင်း ၎င်းအရာရှိက ပြောသည်။

“အကြမ်းဖက်သမားတွေ ရွေးချယ်ထားတဲ့ လမ်းကြောင်း အများစုကို ခန့်မှန်းဖော်ထုတ်ထားရာမှာ သူတို့ဟာ ဥမင် လိုဏ်တစ်ခုနဲ့ မြစ်ချောင်းတွေ ရှိတဲ့ ဧရိယာတွေကနေ ဖြတ်ပြီး ထိုးဖောက်ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိထားရတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

အကြမ်းဖက်သမားများသည် ယခုအခါ ပီရာ ပန်ဂျယ်၏ တောင်ပိုင်း ဧရိယာများ ဖြစ်သည့် ရာဂျရီ-ပွန့်ချ် လမ်းကြောင်းများကို ကြိုးစားလျက် ရှိသည်ဟု အခြားအရာရှိတစ်ဦးက ပြောသည်။

“ထိုးဖောက်ဝင်ရောက်မှုရဲ့ အဓိကအာရုံစိုက်မှုကတော့ လက်ရှိမှာ အများအားဖြင့် ပီအာ ပန်ဂျယ် တောင်ဘက်ပိုင်းကို ပြောင်းရွှေ့ထားပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly