ပါပူဝါနယူးဂီနီနှင့် တရုတ်ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းကြောင့် သြစတြေးလျအနီးတွင် စစ်အခြေစိုက် စခန်းတည်ဆောက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာ

ပါပူဝါနယူးဂီနီနှင့် တရုတ်ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းကြောင့် သြစတြေးလျအနီးတွင် စစ်အခြေစိုက် စခန်းတည်ဆောက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာ

ပါပူဝါနယူးဂီနီနှင့် တရုတ်ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းက သြစတြေးလျအနီးတွင် စစ်အခြေစိုက် စခန်းတည်ဆောက်လာနိုင်မည်ကို စိုးရိမ်မှုများ မြင့်တက်လာစေသည်။

တရုတ်က ပါပူဝါနယူးဂီနီတွင် အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ပြီး ဓာတ်ငွေ့၊ ဓာတ်သတ္ထု၊ သစ်နှင့် အခြား အရင်းအမြစ်များကို ဝယ်ယူနေပြီး ဇွန်လအစောပိုင်းတွင် နှစ်နိုင်ငံက လွတ်လပ်စွာ ကုန်သွယ်ရေးသဘော တူညီချက်အတွက် ဆွေးနွေးမှုများရှိနေသည်။

ဇူလိုင် ၃ရက် မိနစ် ၆၀ တွေ့ဆုံမေးမြန်းခန်းတွင် ၂၀၂၂ခုနှစ် အစောပိုင်းတွင် အိမ်နီးချင်း ဆော်လမွန်ကျွန်းစု များနှင့် သဘောတူညီမှုရရှိခဲ့ပြီးနောက် စိုးရိမ်မှုများ ဆက်လက် ရှိနေသော်လည်း ပါပူဝါနယူးဂီနီဝန်ကြီးချုပ် ဂျိမ်းစ်မာရာပီက ချက်ချင်းအကောင်ထည်ဖော်ရန် ခဲယဉ်းမည်ဟု ယုံကြည်နေပုံပေါ်သည်။

'ရိုးရိုးသားသားပြောရရင် ကျွန်တော်ဒီအကြောင်းကို မသိပါဘူး' ဟု ဂျိမ်းစ်မာရာပီက ဆော်လမွန်ကျွန်းနှင့် သဘောတူချက်နှင့် ပတ်သက်ပြီး ပြောဆိုခဲ့သော်လည်း သတင်းထောက် တွမ်စတိန်းဖို့က ယင်းသတင်းကို မသိခြင်းမှာ မဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။

အဆိုပါကိစ္စကို ဖိအားပေးမေးမြန်းသည့်အခါ တရုတ်ရင်းနှီးမြှုပ်နှံမှုများအား မျက်နှာသာပေးခြင်းမရှိကြောင်း မာရာပီက ဆက်လက် ငြင်းဆိုခဲ့သည်။

“အခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ ပြဿနာတွေကို မစွက်ဖက်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုး စားနေပါ တယ်” ဟု ၎င်းက ဆိုသည်။'ဘယ်နယ်နိမိတ်ကို ကာကွယ်ရမယ်၊ ဘယ်နယ်နိမိတ်ကို မဖြတ်ကျော်ရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ် '

“အလွန်စိတ်ပျက်စရာအဖြစ်” ထွက်ပေါ်လာသောအခါ သြစတြေးလျက တရုတ်စစ်တပ်အခြေစိုက်စခန်းကို မည်သည့်အခါမျှ မတည်ထောင်နိုင်ရေးအတွက် ဖိအားပေးပြောဆိုခဲ့ပြီး ဆော်လမွန်ကျွန်းစုနှင့် တရုတ်လုံခြုံရေး သဘောတူညီချက်ကို သြစတြေးလျက ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်က ယခုချုပ်ဆိုလိုက်ကြောင်း အတည်ပြုပြီးနောက် စာချုပ်သစ်၏ ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာစီပေးက ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required