အဂတိလိုက်စားမှုစွပ်စွဲချက်များပေါ်ပေါက်နေချိန်တွင် တရုတ်ရှိ ဘဏ်ငယ်များ အခက်ကြုံနေပြီး အပ်နှံထားသူများ စိုးရိမ် ထိတ်လန့်နေ

အဂတိလိုက်စားမှုစွပ်စွဲချက်များပေါ်ပေါက်နေချိန်တွင် တရုတ်ရှိ ဘဏ်ငယ်များ အခက်ကြုံနေပြီး အပ်နှံထားသူများ စိုးရိမ် ထိတ်လန့်နေ

တရုတ်သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒ မအောင်မြင်ချိန်တွင် ရာဇဝတ်မှုများ၊ ကြွေးဆုံးများနှင့် အလွန်အကျွံစွန့်စား ရမှုများကြောင့် ပြည်တွင်းရှိ ဘဏ်ငယ်များ အခက်ကြုံနေရသည်။

တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်ရှိ ဘဏ်ငယ် ၃ ခုတွင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်ကို အပ်နှံထားသူ ပီတာက ဧပြီလကတည်းက ယင်းငွေများကို သုံးစွဲခွင့်မရှိကြောင်း ပြောကြားခဲ့သည်ဟု CNN က ဖော်ပြခဲ့သည်။

“ကျွန်တော်က အရုပ်ကြိုးပြတ်ဖြစ်နေပါပြီ။ အိပ်လို့မရဘူး” ဟု CNN Business မှ ပီတာကို ကိုးကား ဖော်ပြခဲ့ သည်။

ပီတာအပြင် ထောင်နှင့်ချီသော ငွေအပ်နှံထားသူများသည် တရုတ်နိုင်ငံအလယ်ပိုင်း၊ ကျေးလက်ပြည်နယ်များရှိ ဘဏ် ၆ခုထက်မနည်းတွင် ၎င်းတို့အပ်နှံထားသည့် ငွေများကို ပြန်လည်ရယူရန် ကြိုးပမ်းနေကြရသည်။

၂၀၂၁ခုနှစ်တွင် အမျိုးသားပူးတွဲရှယ်ယာစီးပွားရေးဘဏ်ဖြစ်သည့် China Bohai Bank သည် ဖောက်သည် တစ်ဦး၏ အပ်ငွေ အမေရိကန်ဒေါ်လာ ၄၃၈ သန်းကို အပေါင်ပစ္စည်းအဖြစ် လျှို့ဝှက်အသုံးပြုခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရသည်။

Bohai Bank တွင် ယင်း၏ အပ်ငွေများကို နန်းကျင်းမြို့ရှိ ရေနံဓာတုကုမ္ပဏီတစ်ခုအတွက် ဘဏ်အပေါင် ပစ္စည်းအဖြစ် လျှို့ဝှက်စွာ အသုံးပြုခဲ့ကြောင်း 'Jiangxi Jemincare Group Co' လုပ်ငန်းမှ အကြောင်းကြား လာခြင်းကြောင့် ယင်းစွပ်စွဲချက်ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြသည်။

မီဒီယာများ၏ အဆိုအရ ဟိုင်နန်ရှိ ဘဏ် ၄ ခုသည် ဧပြီလတွင် ငွေထုတ်ယူခွင့်ပြုခြင်းကို ရပ်ဆိုင်းခဲ့သည်။

တရုတ်ဒေသန္တရဘဏ်များသည် ဒေသတွင် အပ်နှံငွေများကိုသာ ရယူရန် ခွင့်ပြုထားသော်လည်း ဒေသတွင်း ပြင်ပ ငွေအပ်နှံသူများထံမှ အပ်ငွေရယူရန်အတွက် “တတိယပါတီများ” ကို အသုံးပြုခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် ဘဏ်ငွေအပ်နှံထားသူ ၄၀ဝ,ဝဝဝ ထက်မနည်းသည် ၎င်းတို့၏ စုဆောင်းငွေများကို ထုတ်ယူမရကြောင်း Sanlian Lifeweek ၏ ဧပြီလ ခန့်မှန်းချက်တွင် ဖော်ပြချက်ကို CNN မှ ကိုးကားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly