တရုတ် ဟူပေပြည်နယ်တွင် မိုးသက်မုန်တိုင်းကြောင့် အဆောက်အအုံတစ်လုံးပြိုကျပြီး ၈ ဦး သေဆုံး

တရုတ် ဟူပေပြည်နယ်တွင် မိုးသက်မုန်တိုင်းကြောင့် အဆောက်အအုံတစ်လုံးပြိုကျပြီး ၈ ဦး သေဆုံး

တရုတ်နိုင်ငံ မြောက်ပိုင်း ဟူပေပြည်နယ်တွင် ဇွန် ၃ရက် ညနေ ၆ နာရီ ၂၈ မိနစ်က ပြုပြင်မွမ်းမံနေသော အဆောက်အအုံတစ်လုံးသည် အမြင့် ၁၂ မီတာခန့်မှ ပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ဟူပေပြည်နယ်၏ မြို့တော် ရှစ်ကျားကျွမ်း၊ လူချွမ်းခရိုင်တွင် မိုးသက်မုန်တိုင်းတစ်ခုကြောင့် ယခုကဲ့သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ ၈ ဦးအနက် ၁ဦးသည် လက်ရှိတွင် အခြေအနေသက်သာပြီး ဆေးရုံတင်ထားကြောင်း ခရိုင်အစိုးရ၏ ထုတ်ပြန်ချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်နေပြီး တရုတ်၏ နေရာအတော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ကြုံတွေ့နေရသည်။

မိုးသက်မုန်တိုင်းများကြောင့် တရုတ်အမျိုးသား မိုးလေဝသဌာနက အဝါရောင်သတိပေးချက်ကို ဇူလိုင်လ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

စီချွမ်ပြည်နယ်တွင် လူပေါင်း ၆၀,ဝဝဝ ကျော် ရေကြီးမှုဒဏ်ခံခဲ့ရသဖြင့် ဇူလိုင် ၄ရက် မနက် ၇ နာရီအထိ လူပေါင်း ၄၂,ဝဝဝ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားခဲ့သည်။

မေ ၂၈ ရက်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်သဖြင့် ပြည်နယ်၏ ခရိုင် ၈၀ တွင် အပျက်အစီးများဖြစ်ပေါ်ခဲ့သည်။

တောင်ပိုင်း ကွမ်ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နေထိုင်သူ ၃ ဒသမ ၇၅ သန်းကျော်သည် ရေကြီးမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ကို ခံခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။

တရုတ်နိုင်ငံ ကျန်းရှီပြည်နယ်တွင် ဇွန် ၂၈ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၅၄၈၀ဝ ထိခိုက်ခဲ့ကြောင်း ပြည်နယ်ရေဘေးထိန်းချုပ်ရေးဌာနမှ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းရှီပြည်နယ်၏ အဆိုအရ ရေကြီးမှုကြောင့် တိုက်ရိုက် စီးပွားရေး ဆုံးရှုံးမှု ယွမ် သန်း ၄၇၀ (အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၄ သန်းခန့်) ရှိကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly