ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သတိမေ့မြောနေ

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သတိမေ့မြောနေ
Photo - AFP

ဇူလိုင် ၈

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးသည် သောကြာနေ့က နိုင်ငံအနောက်ပိုင်း နာရာမြို့၌ ကျင်းပသည့် နိုင်ငံရေးပွဲအခမ်းအနားတစ်ခုအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ယခုအခါ သတိမေ့မြောနေကြောင်း ဂျပန် NHK ရုပ်သံဌာနနှင့် ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

အသက် ၆၇ နှစ်ရှိ အာဘေးသည် ရင်ဘတ်ကို သေနတ်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း NHK က ဖော်ပြသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာ၌ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

သံသယရှိ အမျိုးသားသည် လူငယ် သို့မဟုတ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပုံရကြောင်း NHK သတင်းထောက်က ပြောသည်။

သေနတ်ပစ်ခံရပြီးနောက် အာဘေးကို ဆေးရုံတစ်ခုသို့ အမြန်တင်ပို့ခဲ့ပြီး ၎င်းသည် သတိပြန်မရသေးဟု သိရသည်။ ၎င်းသည် နှလုံးရပ်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်များကို ကိုးကားပြီး Kyodo News က ဖော်ပြသည်။

ဂျပန်သည် ဦးဆောင်စီးပွားရေးအင်အားကြီးနိုင်ငံများထဲတွင် အတင်းအကျပ်ဆုံးသော သေနတ် ဥပဒေ အချို့ ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ပစ်ခတ်မှုများက ကြုံတောင့်ကြုံခဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required