တရုတ်ကွန်မြူနစ်ပါတီက ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတင်းအဓမ္မ ရယူရောင်းဝယ်မှုတွင် ပါဝင် ပတ်သက်နေ

တရုတ်ကွန်မြူနစ်ပါတီက ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတင်းအဓမ္မ ရယူရောင်းဝယ်မှုတွင် ပါဝင် ပတ်သက်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတင်းအဓမ္မ ရယူရောင်းဝယ်မှုတွင် ပါဝင် ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ နိုင်ငံရေးသမားများနှင့် ကိုယ်တွေ့ကြုံခဲ့ရသူများက စိုးရိမ်ပူပန်မှုကြောင်း ဖော်ပြောကြားခဲ့ကြသည်။

ဘရပ်ဆယ်လ်မြို့တွင် ဇွန်လ ၂၉ရက်က ကျင်းပခဲ့သော ' ကိုယ်အင်္ဂါအစိတ်အပိုင်းများ အတင်းအဓမ္မရယူရောင်းဝယ်သည့် CCP ၏ အရှုပ်တော်ပုံ' အမည်ရ ကွန်ဖရင့်တစ်ခုတွင် ၎င်းတို့က အတွေ့အကြုံများကို မျှဝေခဲ့ ကြ သည်။

ကိုယ်တွေ့ကြုံခဲ့ရသူများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းရယူခံခဲ့ရသည့် “အကျဉ်းသား” ဟောင်းတစ်ဦး ထံမှ ကိုယ်တွေ့ အထောက်အထားများပြန်ပြောပြချက်များကို သတင်းသမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက နားထောင်ခဲ့ရသည်။

ဆွေးနွေးပွဲကို ဥရောပပါလီမန် (MEP) အဖွဲ့ဝင် သောမတ် ဇီဒတ်ချ်အိုစကီးနှင့် အခြားသော ဂုဏ်သရေရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

၎င်းတို့တွင် ဖော်လော်ကုံးဘယ်လ်ဂျီယမ်အဖွဲ့၏ ဥက္ကဋ္ဌ နီကိုဘီနန်စ်၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အတင်းအဓမ္မ ရယူ ရောင်းဝယ်မှုတိုက်ဖျက်ရေး အန်ဂျီအိုဆရာဝန်အဖွဲ့၏ ဥပဒေအဖွဲ့ အကြီးအကဲ(DAFOH) ကားလို့စ် အိုင်လစ်ဆီရာ၊ ဖော်လော်ကုံးဂိုဏ်းဝင်နှင့် တရုတ်တွင် ၇ နှစ်ကြာ အကျဉ်းချခံထားရသူ ကျန်းယန်ဟွား၊ ဘရပ်ဆဲလ်အခြေစိုက် ရှေ့တန်းမခြား လူ့အခွင့်အရေးအဖွဲ့(HRWF) တည်ထောင်သူနှင့် ဒါရိုက်တာ ဝီလီဖာထရီ တို့ တက်ရောက်ခဲ့ကြသည်။

ဥရောပပါလီမန် (MEP) အဖွဲ့ဝင် သောမတ် ဇီဒတ်ချ်အိုစကီးက တရုတ်၏ နိုင်ငံတော်ပါဝင်နေသည့် ကိုယ်တွင်း အင်္ဂါများရယူခြင်းနှင့် ကုန်သွယ်မှုမူဝါဒကို လုံးဝလက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သို့ သွားရောက်စဉ်အတွင်း အင်္ဂါအစိတ်အပိုင်းများကို အတင်းအဓမ္မ ထုတ်ယူခြင်းခံခဲ့ရပြီး ယင်းဆိုးရွား လှသော အတွေ့အကြုံကို ဖြတ်သန်းခဲ့ရသူများနှင့် ကိုယ်တိုင်တွေ့ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်တွင် ဖာလော်ကုံးဂိုဏ်းဝင်များ၊ တိဘက်လူမျိုးများနှင့် ခရစ်ယာန်များအား ကိုယ်တွင်းအင်္ဂါများ ရယူရန် ပစ်မှတ်ထားနေသည်မှာ သိသာထင်ရှားကြောင်း သောမတ် ဇီဒတ်ချ်အိုစကီးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly