ဟောင်ကောင်ကို ဗြိတိန်မှ လွှဲပြောင်းရယူသည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တရုတ်သမ္မတက အတိုက်အခံများအား နှိမ်နင်းရခြင်းအပေါ် ကာကွယ်ပြောဆို

ဟောင်ကောင်ကို ဗြိတိန်မှ လွှဲပြောင်းရယူသည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တရုတ်သမ္မတက အတိုက်အခံများအား နှိမ်နင်းရခြင်းအပေါ် ကာကွယ်ပြောဆို

ဟောင်ကောင်ကို ဗြိတိန်မှ လွှဲပြောင်းရယူသည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ ဇူလိုင် ၁ရက် အထိမ်းအမှတ်နေ့ အခမ်းအနားတွင် တရုတ်သမ္မတရှီကျင့်ဖျင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီးအတိုက်အခံများကို နှိမ်နင်းမှုများနှင့် ပတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့သည်။

ထွက် ဆန္ဒပြခဲ့သည့် လွန်ခဲ့သည့် ၃နှစ်မှစတင်ပြီး အသွင်ပြောင်းလဲလာသော ဟောင်ကောင်သို့ရောက်ရှိလာခဲ့ ကြောင်း New York Times (NYT) က ဖော်ပြသည်။

ဟောင်ကောင်၏ “စစ်မှန်သော ဒီမိုကရေစီ” သည် ၁၉၉၇ ခုနှစ်တွင် ဗြိတိန်မှ တရုတ်ကို လွှဲပြောင်းယူပြီးနောက် မှ စတင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

'ဟောင်ကောင်ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်' က လွှဲပြောင်းပေးပြီးနောက်ပိုင်းမှ စတင်ခဲ့တာပါ။

တရုတ်က ဟောင်ကောင် ရဲ့ အကျိုးအတွက် လုပ်ဆောင်ခဲ့ပြီး တစ်နိုင်ငံ၊ စနစ်နှစ်မျိုးမူဝါဒကို ပြောင်းလဲဖို့ အကြောင်း လုံးဝမရှိပါဘူး” ဟု ရှီကျင့်ဖျင်က လုံခြုံရေးများတင်းကျပ်ထားသည့် အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

အတိုက်အခံများကို နှုတ်ဆိတ်စေခဲ့သော တစ်နှစ်ကြာ နိုင်ငံရေးဖိနှိပ်မှုများကြားမှ ဒီမိုကရေစီသည် ရှင်သန် ကြီးထွားနေသည်ဟု ရှီက အခိုင်အမာပြောကြားခဲ့သည်။

ယခုနှစ်များအတွင်း တရုတ်၏ ဟောင်ကောင်အုပ်ချုပ်မှုကို အကြီးအကျယ်စိန်ခေါ်သည့် ၂၀၁၉ခုနှစ် ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက်အတိုက်အခံများကို ချေမှုန်းရန် တရုတ်က လျင်မြန်စွာ လှုပ်ရှားခဲ့ကြောင်း NYT သတင်းတွင် ဖော်ပြထားသည်။

အာဏာပိုင်များသည် လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ သတင်းစာအယ်ဒီတာ များ၊ ဒါဇင်နှင့်ချီသော ထိပ်တန်းအတိုက်အခံများအပါအဝင် လူထောင်ပေါင်းများစွာကို ဖမ်းဆီး၊ ထောင်ချ သို့မ ဟုတ် ထိန်းသိမ်းခဲ့သည်။

၂၀၁၉ခုနှစ် ဇွန်လမှစ၍ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးခဲ့ပြီး ရုန်းရင်းဆန်ခတ်မှု၊ ဥပဒေမဲ့ စုဝေးမှုနှင့် မီးရှို့မှုများ အပါအဝင် ဆန္ဒပြမှုနှင့် ဆက်စပ်သော ပြစ်ဒဏ်များဖြင့် လူပေါင်း ၃၀ဝ၀ခန့်ကို တရားစွဲဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ စာရင်းများက ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly