ယူကရိန်းကို ကျူးကျော်သည့် ရုရှားအပေါ် ကမ္ဘာ့နိုင်ငံများက ရှုတ်ချခဲ့ခြင်းကြောင့် တရုတ်က ထိုင်ဝမ်အား သိမ်းပိုက်မည့်အစီအစဉ်ကို သတိထား လုပ်ဆောင်နေ

ယူကရိန်းကို ကျူးကျော်သည့် ရုရှားအပေါ် ကမ္ဘာ့နိုင်ငံများက ရှုတ်ချခဲ့ခြင်းကြောင့် တရုတ်က ထိုင်ဝမ်အား သိမ်းပိုက်မည့်အစီအစဉ်ကို သတိထား လုပ်ဆောင်နေ

ယူကရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် ကမ္ဘာတစ်ဝန်းလုံး၏ ရှုတ်ချမှုကို မြင်တွေ့ခဲ့ရသဖြင့် တရုတ်က ထိုင်ဝမ်အား သိမ်းပိုက်မည့် အစီအစဉ်ကို သတိအနေအထားဖြင့် လုပ်ဆောင်လျက်ရှိသည်။

စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာအရ တန်ဖိုးကြီးကြီးပေးရမည်ဖြစ်ခြင်းကြောင့် တရုတ်က ထိုင်ဝမ်ကို ကျူး ကျော်ရန် ယူကရိန်းပုံစံတူအသုံးပြုရန် ခက်ခဲနေကြောင်း HK Post က ဖော်ပြခဲ့သည်။

သို့သော် ယင်းက တရုတ်၏ ထိုင်ဝမ်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ကို မဟန့်တားနိုင်ပေ။ စစ်ရေးခြိမ်းခြောက်မှု များ၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် စီးပွားရေးအကျပ်ကိုင်မှုများမှ တစ်ဆင့် ထိုင်ဝမ်အပေါ် ဖိအားများ တိုးမြင့်လာ စေရန် ယင်း၏ ပုံမှန်လုပ်ဆောင်ချက်များကို တရုတ်က ဆက်လက်လုပ်ဆောင်နေသည်။

မကြာသေးမီရက်အနည်းငယ်အတွင်းတရုတ်က ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခဲ့ခြင်း၊ ထိုင်ဝမ် လေပိုင်နက်အတွင်းသို့ စစ်လေယာဉ်အများအပြားစေလွှတ်ခြင်းက ထိုင်ဝမ်ရေလက်ကြားအပေါ် တရုတ်၏ တောင်းဆိုချက်များကို ပယ်ချသည့် အမေရိကန်အား တုံ့ပြန်ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။

တရုတ်၏ အခြားသော လုပ်ဆောင်ချက်အများအပြားသည် ထိုင်ဝမ်အရေးအရေးနှင့် ပတ်သက်ပြီး ယင်း၏ တင်းမာသော ရပ်တည်မှုကို ထင်ဟပ်စေသည်။

သို့သော် ယင်းအရာအားလုံးသည် အဓိက စစ်ရေးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများအား ထိုင်ဝမ်ရေလက် ကြား ပဋိပက္ခအတွင်းသို့ ဆွဲခေါ်နေပြီး နိုင်ငံအများအပြားက ထိုင်ဝမ်အား တက်ကြွစွာ ထောက်ခံအားပေးမှု များလာနေသည်။

ထို့ကြောင့် ယူကရိန်းကို ကျူးကျော်သကဲ့သို့ ထိုင်ဝမ်ကို တိုက်ခိုက်ရန် တရုတ်အတွက် လွယ်ကူမည်မဟုတ် ကြောင်း HK Post က ဖော်ပြခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်များထံမှ ပြင်းထန်သော ဆန့်ကျင်မှုများကြောင့် တရုတ်က သတိကြီးစွာ လုပ်ဆောင်နေသည်။ ထိုင်ဝမ်ကို တိုက်ခိုက်ပါက အနောက်နိုင်ငံများက မည်သို့ ဒဏ်ခတ်ပိတ်ဆို့မည်ကိုလည်း တရုတ်က စမ်းသပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly