"နေမာကို ကျွန်တော်တို့နဲ့အတူ ရှိနေစေချင်ပါတယ်" - PSG မန်နေဂျာအသစ် ဂယ်တီယာ

"နေမာကို ကျွန်တော်တို့နဲ့အတူ ရှိနေစေချင်ပါတယ်" - PSG မန်နေဂျာအသစ် ဂယ်တီယာ
Photo: EPA

ပဲရစ်စိန့်ဂျာမိန်းဟာ တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း မော်ရီစီယိုပိုချက်တီနိုကို ထုတ်ပယ်ပြီး ခရစ္စတိုဖီ ဂယ်တီယာကို သူ့ရဲ့ နေရာမှာ အစားထိုးခန့်အပ်ခဲ့ပါတယ်။ နည်းပြသစ်က “နေမာကို ကျွန်တော်တို့နဲ့အတူ ဒီမှာ ရှိနေစေချင်ပါတယ်။”လို့ ပြောပါတယ်။

“သူက ကမ္ဘာ့အဆင့် ကစားသမားပါ။ ကမ္ဘာပေါ်က မန်နေဂျာတိုင်းက သူ့လို ထိပ်တန်းကစားသမားတွေကို လိုချင်ကြပါတယ်။ PSG မှာ နေမာအတွက် ကျွန်တော့်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အကြံဉာဏ်တွေ ရထားပြီးသားပါ။”လို့ ဂယ်တီယာက ပြောဆိုပါတယ်။

နေမာဟာ ၂၀၁၇ က ဘာစီလိုနာအသင်းကနေ PSG ဆီ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း (ဒေါ်လာ ၂၆၄ သန်း)နဲ့ ပြောင်းခဲ့ပြီးနောက် ကမ္ဘာ့ဈေးအကြီးဆုံးဘောလုံးသမားဖြစ်လာခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ PSG မှာ သူ့ရဲ့လက်ရှိစာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေပါသေးတယ်။

ဂယ်တီယာဟာ ဘရာဇီးလ်တောင်ပံကစားသမားကို ပြင်သစ်မြို့တော်မှာ အနည်းဆုံး နောက်ထပ်တစ်ရာသီဆက်နေနေဖို့ ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုလာတာကြောင့် နေမာအတွက် PSG ရဲ့ အစီအစဉ်တွေ ယခုအခါ ပြောင်းလဲသွားဖွယ်ရှိနေပါတယ်။

"ကျွန်တော်က အသင်းတစ်သင်းမှာ ဟန်ချက်ညီဖို့ အမြဲတမ်း အရင်ကတည်းက ပြောနေခဲ့တာ၊ ဘယ်အဆင့်အတန်းမှာ ကစားနေပါစေ၊ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်၊ ဒါပေမယ့် နေမာဆီက ဘာကို မျှော်လင့်မလဲဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိထားတယ်။ သူနဲ့တွေ့ပါလိမ့်မယ်၊ အခုထိမတွေ့ရသေးဘူး။ သူဘာတွေပြောမလဲနဲ့ သူမျှော်လင့်ထားတဲ့အရာကို ကျွန်တော် နားထောင်ချင်မိပါတယ်။ ဒါပေမယ့် သေချာတာကတော့ နေမာကို ကျွန်တော်တို့နဲ့အတူ နေစေချင်တယ်။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လက PSG ရဲ့လီဂူးဝမ်း ပြိုင်ဘက် နိုက်စ်ကနေ ထွက်ခွာခဲ့တဲ့ ဂယ်တီယာဟာ ပိုချက်တီနို နုတ်ထွက်ကြောင်း ကြေညာပြီးနောက် မကြာခင်မှာ ပြင်သစ်ချန်ပီယံအသင်းဟာ နည်းပြရာထူး ခန့်အပ်ခံရကြောင်း အတည်ပြုခဲ့ပြီး သူဟာ PSG မှာ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

"ဟုတ်ပါတယ်၊ ကျွန်တော် စိတ်လှုပ်ရှားနေတယ်၊ ဟုတ်ကဲ့ ဂုဏ်ယူပါတယ်"လို့  ပြင်သစ်မြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂယ်တီယာက ပြောဆိုပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly