ဂျီ-၂၀ ဆွေးနွေးပွဲကို နယူးဒေလီ၌ ကျင်းပဖွယ်ရှိ

ဂျီ-၂၀ ဆွေးနွေးပွဲကို နယူးဒေလီ၌ ကျင်းပဖွယ်ရှိ

အိန္ဒိယက သဘာပတိအဖြစ် တာဝန်ယူရမည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ-၂၀) ဆွေးနွေးပွဲကို ဒေလီမြို့တော်တွင် လက်ခံကျင်းပဖွယ်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအကြား ပြုလုပ်မည့် ပြင်ဆင်ရေးအစည်းအဝေး ၁၀၀ ခန့်ကို ဂျမူး-ကက်ရှ်မီးယားနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များအပါအဝင် ပြည်နယ်အများအပြားတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ပြောကြားသည်။

ဆွေးနွေးပွဲ ကျင်းပမည့်နေရာအား တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း နယူးဒေလီမြို့ရှိ ပရာဂတိမာအီဒန်အဆောက်အအုံတွင် ကျင်းပပြုလုပ်ဖွယ်ရှိပြီး ယင်းဆွေးနွေးပွဲသို့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အခြားကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။ ဆွေးနွေးပွဲခန်းမများနှင့် နိုင်ငံပေါင်း ၂၀ မှ ခေါင်းဆောင်များနှင့် ထောင်နှင့်ချီသည့်  အရာရှိများ၊ ကိုယ်စားလှယ်များကို နေရာချထားပေးရန် ဟိုတယ်သစ်များ ဆောက်လုပ်ခြင်းကိုလည်း လုပ်ဆောင်လျက်ရှိသည်။

ဆွေးနွေးပွဲပြုလုပ်မည့် ရက်များနှင့် နေရာကို ဆွေးနွေးရန် စောလွန်းသေးသောကြောင့် တရားဝင် ထုတ်ပြန်ကြေညာရန် တာဝန်ရှိသူများက ငြင်းဆိုထားသော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ဝန်းကျင်တွင်  ကျင်းပသွားရန်ရှိကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly