အလွဲသုံးစားမှုများကြောင့် ဘဏ်ငယ်များကို တင်းကျပ်စွာ စစ်ဆေးမည်ဟု တရုတ် ကတိပြု

အလွဲသုံးစားမှုများကြောင့် ဘဏ်ငယ်များကို တင်းကျပ်စွာ စစ်ဆေးမည်ဟု တရုတ် ကတိပြု

တရုတ်က ဟိုင်နန်ပြည်နယ်တွင် ငွေကြေးလိမ်လည်သည်ဟု သံသရှိမှုတစ်ခုတွင် ရင်းနှီးမြှုပ်နှံသူများသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးသွားပြီးနောက် ဘဏ်ငယ်များကို ကြီးကြပ်ကွပ်ကဲမှု မြှင့်တင်ရန် တရုတ်အစိုးရက ကတိပြုခဲ့သည်။

အသေးစားနှင့် အလတ်စားဘဏ်များတွင် အစုရှယ်ယာရှင်များအား ကြီးကြပ်ကွပ်ကဲမှုကို တရုတ်ဘဏ်နှင့် အာမခံစည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ခိုင်မာအားကောင်းအောင် ပြုလုပ်မည်ဖြစ်ပြီး အဓိက ပိုင်ရှင်များ၏ အပြုအမူကို ထိန်းသိမ်းမည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ရှောင်ယွန်ချီက ဇွန် ၂၃ရက်တွင် ပေကျင်းမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ လှုပ်ရှားမှုက ဘဏ်များနှင့် ပတ်သက်ပြီး ကော်ပိုရိတ်အုပ်ချုပ်မှု ခိုင်မာအားကောင်းစေရန် ဆောင်ရွက် ချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟိုင်နန်ပြည်နယ်ရှိ ဘဏ်များနှင့် ပတ်သက်သည့် အရှုပ်တော်ပုံတစ်ခုတွင် ၎င်းတို့၏ အပ်ငွေများကို သုံးစွဲ ခွင့် ငြင်းပယ်ခံရခြင်းနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက ဆန္ဒပြရန် စုရုံးခြင်းကို တားဆီးရန် ကပ်ရောဂါဆိုင်ရာ ကျန်းမာရေး ကုဒ်များကို ပြောင်းလဲမှုများပြုလုပ်ပြီးနောက် ယင်းကတိပြုမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်နိုင်ချေရှိသူများကို ခြေရာခံရန် အသုံးများသော အက်ပ်လီကေးရှင်းအား အလွဲသုံးစား လုပ်ခြင်းကို နိုင်ငံပိုင်မီဒီယာမှပင် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုမှ ယွမ်ဘီလီယံနှင့်ချီသော ငွေကြေးများကို တရားမဝင် ဆွဲဆောင်ရန် ပြည်တွင်းဘဏ်များကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဘဏ်များမှ ထုတ်ပေးသော ငွေစုထုတ်ကုန်များကို ဝယ်ယူသော ရင်းနှီးမြှုပ်နှံသူများ၏ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေချိန်တွင် ဒေသတွင်း ရဲတပ်ဖွဲ့က ငွေကြေးအဖွဲ့အစည်းအတွင်း ရှယ်ယာရှင်တစ်ဦးနှင့် ဆက်စပ်နေ သည့် သံသယရှိသူအချို့ကို ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုအချို့ကို သိမ်းဆည်းခဲ့သည်။

တရုတ်တွင် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၄ ထရီလီယံခန့်ကို စုပေါင်းထိန်းချုပ်ထားသည့် အသေးစားနှင့် အလတ်စားဘဏ် ၄၀ဝဝ နီးပါးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly