မလေးရှားနိုင်ငံတွင် အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးသည် အလုပ်ရှင်၏ လုပ်ခလစာပေးရန် ငြင်းဆန်ခြင်းကြောင့် ကိုယ်ကိုကို လည်ပင်းလှီးကာ သေကြောင်းကြံစည်မှုဖြစ်ပွားသည်။
ဆီလန်ဂေါပြည်နယ် ပီတယ်လင်းဂျာဗာမြို့တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ မြန်မာအမျိုးသားသည် မတ်တီရာဒါမန်ဆာရာအရပ်ရှိ Paramount Garden စားသောက်ဆိုင်တန်းရှိ ပင်လယ်စာ စားသောက်ဆိုင်တစ်ဆိုင်တွင် လများစွာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဖန်ကွဲစဖြင့် ကိုယ်လည်ပင်းကို လှီးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၉ ရက် နံနက် ၇ နာရီခွဲခန့်က ယင်းအမျိုးသားကို ရှော့ပင်းစင်တာ အားကစားခန်းအနီး လည်ပင်းလှီးဖြတ်ဒဏ်ရာဖြင့် တွေ့ရှိခြင်းဖြစ်ကြောင်း မူခင်းစိတ်ပညာရှင် ဇန်နီချီဒင်းက ပြောသည်။
ယင်းအမျိုးသားက မြန်မာနိုင်ငံ မုဒုံမှ လာရောက်သူဖြစ်ကြောင်း သိရှိရသည်။ “ဒီလို လည်ပင်းလှီးဖြတ်မှုဖြစ်ချိန်မှာ အဲဒီတစ်ဝိုက် ဆရာဝန်တစ်ဦးရှိနေလို့ သူ့ကို အထူးပြုစုကုသပေးနိုင်ခဲ့တာပဲဖြစ်တယ်။ သူက လစာပေးဖို့ ငြင်းဆန်ခံရလို့ ခုလိုကျုးလွန်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။”ဟု ၎င်းက ပြောသည်။
၎င်းအမျိုးသားအား Sungai Buloh ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သတင်းတွင် ဖော်ပြသည်။