တရုတ်တွင် ကလေးမွေးဖွားမှု ထိန်းချုပ်ရေး စီမံချက်များသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်

တရုတ်တွင် ကလေးမွေးဖွားမှု ထိန်းချုပ်ရေး စီမံချက်များသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်

တရုတ်ကွန်မြူနစ်ပါတီက လူဦးရေကျဆင်းမှုကို ဟန့်တားနိုင်ရန်နှင့် အလု်ပလုပ်နိုင်သူအရေအတွက် တိုးမြင့် လာစေရန်အပြင် ဈေးပေါသော လုပ်အား၏ အားသာချက်များကို ပြန်လည်ရရှိစေရေးအတွက် နိုင်ငံတွင်း ကလေး မွေးဖွားနှုန်းကို မြှင့်တင်သည့် လုပ်ဆောင်ချက်အဖြစ် ကလေး၂ ယောက်နှင့် ကလေး ၃ယောက် ယူသည့် မူဝါဒသို့ ကနဦးပြောင်းခြင်းဖြင့် ယခင်မူဝါဒများမှ လမ်းခွဲထွက်ခဲ့သည်။ 

တရုတ်တွင် ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး မွေးဖွားမှုထိန်းချုပ်ခြင်းက သိသာထင်ရှားသည့် အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။

ကလေးမွေးဖွားမှု ထိန်းချုပ်ရေး စီမံချက်များသည် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယခင်က ပြောကြားခဲ့ဖူးပြီး အစိုးရသည် ကလေးမည်မျှယူရမည်ကို ထိန်းချုပ် သည့် လုပ်ငန်စဉ်မျိုးမရှိသင့်ကြောင်း ဟောင်ကောင်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ယင်းမူဝါဒ အပြောင်းအလဲများသည် လိုချင်သောရလဒ်များ မရရှိခဲ့ကြောင်း အမေရိကန်စီးပွားရေးအသင်း (AEA) မှ ခွဲခြမ်းစိတ်ဖြာလေ့လာတွေ့ရှိခဲ့ပြီး တရုတ်အတွက် အချိန်တိုအတွင်း ဆယ်ဂဏန်းနှစ်စဉ် တိုးတက်မှုနှုန်းကို ရောက်ရှိရန် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်လူဦးရေသည် ၁၉၄၉ခုနှစ်တွင် သန်း ၅၄၀ ရှိခဲ့ပြီး နောက်ပိုင်းတွင် ကလေးတစ်ယောက်မူဝါဒ အသက်ဝင်သည့်အချိန်တွင် ၁၉၇၉ခုနှစ်တွင် ၉၆၉ သန်းအထိ မြင့်တက်လာခဲ့သည်။

သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် တရုတ်၌ လုပ်အားခသည် ကုန်ထုတ်စွမ်းအားထက် ပိုမို လျင်မြန်စွာ တိုးလာသောအခါ အကျိုးသက်ရောက်မှုအဖြစ် လူဦးရေ ကျဆင်းမှုကြောင့် တရုတ်လုပ်အားခ ပိုဈေးကြီးလာသည်ကို နောက်ပိုင်းတွင် မြင်တွေ့ခဲ့ရသည်။

၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကာလသည် လုပ်ခလစာ ၁၃ ဒသမ ၈ ရာခိုင်နှုန်း အရှိန်အဟုန်ဖြင့် တိုးတက်လာသော ကာလဖြစ်ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ အမှန်တကယ် တိုးတက်မှုနှုန်းမှာ ၁၂ ဒသမ ၇ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့သည်။

ကလေး ပြုစုပျိုးထောင်မှု စရိတ်စကကြောင့် တရုတ်စုံတွဲ အများအပြားမှာ ကလေးများများယူရန် အတားအဆီး ဖြစ်ခဲ့သည်။ ထို့ပြင် ၂၀၂၁ခုနှစ်သန်းခေါင်စာရင်း ကိန်းဂဏန်းများအရ ဆယ်စုနှစ်များအတွင်း လူဦးရေ တိုးတက်မှုနှုန်း အနှေးကွေးဆုံးဖြစ်ကြောင်း ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly