ကိုကိုးကျွန်းများရှိ တရုတ်၏ SIGINT အဆောက်အအုံများသည် အိန္ဒိယအတွက် ခြိမ်းခြောက်မှုဖြစ်နေ

By India Blooms News Service
29 June 2022
ကိုကိုးကျွန်းများရှိ တရုတ်၏ SIGINT အဆောက်အအုံများသည် အိန္ဒိယအတွက် ခြိမ်းခြောက်မှုဖြစ်နေ

ကိုကိုးကျွန်းများသည် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းရှိ ကျွန်း ၂ ကျွန်းဖြစ်ပါသည်။ ယင်းတို့သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်းကျွန်းများကို ၁၉၉၄ ခုနှစ်တွင် တရုတ်နိုင်ငံကို ငှားရမ်းခဲ့သည်။

မြန်မာပြည်တောင်ဘက် ကီလိုမီတာ ၃၀ဝ ခန့်အကွာ ဂရိတ်ကိုကိုးကျွန်းရှိ ရေကြောင်းကင်းထောက်နှင့် အီလက် ထရွန်းနစ် ထောက်လှမ်းရေးစခန်းသည် တရုတ်ရေတပ် (PLAN) ၏ အရေးကြီးဆုံး အချက်ပြ ထောက်လှမ်းရေး စနစ်တည်ဆောက်မှုဖြစ်သည်။

တရုတ်စစ်တပ်သည် အိန္ဒိယသမုဒ္ဒရာနှင့် အိန္ဒိယအက်ဒမန်ကျွန်းများ မြောက်ဘက်အန်ဒမန်ပင်လယ်ကြားရှိ အလက်ဇန္ဒြားရေလက်ကြားရှိ ကိုကိုးကျွန်းငယ်တွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်လျက်ရှိသည်။

အဆိုပါ တည်ဆောက်မှုများသည် ဘင်္ဂလားပင်လယ်အော်တွင် အိန္ဒိယရေတပ်လှုပ်ရှားမှုများနှင့် ချန်ဒီပါ ကမ်းလွန်တွင် အိန္ဒိယကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) က စမ်းသပ်ထုတ်လုပ်သည့် ဒုံးကျည်စမ်းသပ်မှုများကို တရုတ်က စောင့်ကြည့်နေနိုင်သည်။

အဆိုပါကျွန်းများသည် ဘင်္ဂလားပင်လယ်အော်နှင့် မလက္ကာရေလက်ကြားသွားလာရေးလမ်းကြောင်းအတွက် အရေးကြီးသောနေရာ၌ တည်ရှိပြီး တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘာကျွန်းများရှိ အိန္ဒိယရေတပ်နှင့် ဒုံးကျည်လွှတ်စခန်းများကို စောင့်ကြည့်ရန် သင့်လျော်သောနေရာတစ်ခုဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ အရှေ့ဘက် တွင် အိန္ဒိယရေတပ်၏ ရွေ့လျားမှုများကို စောင့်ကြည့်ရန် ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည်။

ထို့ကြောင့် အဆိုပါ ကျွန်းစုများ၏ တည်နေရာအရ မဟာဗျူဟာမြောက် အရေးပါမှုကို နားလည်ရန် အရေးကြီး သလို ယင်းကျွန်းများတွင် တရုတ်က အဘယ်ကြောင့် စစ်ရေးတည်ဆောက်မှု ဆက်တိုက်ပြုလုပ်နေခဲ့သည်ကို နားလည်ရန် အရေးကြီးသည်။

ဂြိုဟ်တုဓာတ်ပုံများတွင် မြင်ရသည့် ရေဒါများ၊ လေယာဉ်ပစ်သေနတ်များ၊ ဒုံးကျည်များနှင့် အသုံးပြုနိုင်သည့် လေဆိပ်များသည် အခြေခံအဆောက်အအုံတည်ဆောက်မှု၏ နမူနာတစ်ခုမျှသာဖြစ်သည်။

ပထဝီဝင်အနေအထားအရ အက်ဒမန်ကျွန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဂရိတ်ကိုကိုးကျွန်းနှင့် လစ်တဲလ်ကို ကိုကျွန်းတို့ကို မြန်မာနိုင်ငံက ပိုင်ဆိုင်သည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းက အဆိုပါကျွန်းများကို စစ်ရေးနှင့် ရေတပ်ရည်ရွယ်ချက်အတွက် တရုတ်က အသုံးပြုနေကြောင်း မကြာခဏ သတင်းထွက်ပေါ်ခဲ့သော်လည်း အဆိုပါကျွန်းများသည် တရုတ် ထိန်းချုပ်မှုအောက်တွင် အမှန်တကယ်ရှိကြောင်း သက်သေမပြနိုင်ခဲ့ပေ။

သို့သော် ယခုနှစ်များအတွင်း ပြေးလမ်းများ တည်ဆောက်ခြင်းနှင့် အခြားချိတ်ဆက်မှုဆိုင်ရာ အခြေခံ အဆောက် အအုံများတည်ဆောက်ခြင်းအတွက် ရည်ရွယ်၍ PLA နှင့် PLAN အရာရှိများက ကိုကိုးကျွန်းများသို့ လာရောက် လည်ပတ်ခြင်းဆိုင်ရာ အစီရင်ခံစာများ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly