ဟောင်ကောင်ပြည်သူများ အစုလိုက်အပြုံလိုက်ထွက်ခွာမှုအတွက် ရှီကျင့်ဖျင်အာဏာရှင်အစိုးရတွင် တာဝန်ရှိနေ

ဟောင်ကောင်ပြည်သူများ အစုလိုက်အပြုံလိုက်ထွက်ခွာမှုအတွက် ရှီကျင့်ဖျင်အာဏာရှင်အစိုးရတွင် တာဝန်ရှိနေ

တရုတ်အာဏာရှင်အစိုးရလက်ထက်တွင် အရပ်သားလွတ်လပ်ရေးအပေါ် အစိုးရ၏ အလွန်အကျွံနှိမ်နင်းမှုကြောင့် ဟောင်ကောင်မှ တခြားနေရာသို့ရွှေ့ပြောင်းမှုမှာ သိသိတိုးလာကြောင်း တွေ့မြင်နေရသည်။

ဟောင်ကောင်တွင် ၂၀၂၀ ခုနှစ်က မြို့မှထွက်ခွါသူ ၉၃ ၀၀၀ ဦးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၂၃ ၀၀၀ ဦးရှိကာ ဟောင်ကောင်နှင့်တရုတ်ပြည်မကြီးတွင် ပြင်းထန် SARS ရောဂါဖြစ်ပွားသည့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ဟောင်ကောင်တွင် အကြီးမားဆုံး လူဦးရေကျဆင်းမှုဖြစ်ကြောင်း ဟောင်ကောင်မီဒီယာက ဖော်ပြသည်။

ဟောင်ကောင်သားအများအပြားသည် အနာဂတ်အတွက် စိုးရိမ်လာကြသောကြောင့် ဘဝသစ်တစ်ခုကို စတင်ရန် နေရပ်ကို စွန့်ခွာလျက်ရှိကြသည်။

ဟောင်ကောင်၌ မကြာသေးခင်က ပြုလုပ်ခဲ့သော ရွှေ့ပြောင်းအခြေချနေထိုင်မှု စစ်တမ်းရလဒ်များအရ ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက ၂ နှစ်အတွင်း ပြောင်းရွှေ့ရန် စီစဉ်ကြသလို ၁၉ ရာခိုင်နှုန်းက ၆ လအတွင်း ဟောင်ကောင်မှ ထွက်ခွာရန် ရည်ရွယ်ထားကြောင်း တွေ့ရှိရသည်။

ဇွန် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် 'အပြည်ပြည်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အိမ်ခြံမြေကုန်စည်ပြပွဲ' ၌ စစ်တမ်းတစ်ခုပြုလုပ်ခဲ့ရာ အွန်လိုင်း၌ စာရင်းသွင်းသည့် အလားအလာရှိသော ရွှေ့ပြောင်းများထံမှ စစ်တမ်း ၃၅ ၀၀၀ ခု ကောက်ယူရရှိခဲ့သည်။

စစ်တမ်းအရ လူကြိုက်အများဆုံး နိုင်ငံများမှာ ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျတို့ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၃၁ ၊ ၂၂ နှင့် ၂၁ စသဖြင့် အသီးသီးရှိသည်။

အသွားအလာပိတ်ဆို့မှုနှင့်ကန့်သတ်မှုမူဝါဒများနှင့်အတူ တရုတ်၏ များပြားလာသော အနှောက်အယှက်များက အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျနှင့် တခြားနိုင်ငံများမှ နိုင်ငံသားများကို နိုင်ငံတွင်းမှ အပြီးတိုင်ထွက်သွားစေခဲ့သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ အတွင်း ဟောင်ကောင်လူဦးရေသည် ၁၉၆၁ ခုနှစ်တွင် ၃ ဒသမ ၂ သန်းခန့်မှ ၂၀၁၉ ခုနှစ်တွင် ၇ ဒသမ ၅ သန်းအထိ နှစ်စဉ်နီးပါး တိုးလာခဲ့ကြောင်း ဟောင်ကောင်သန်းခေါင်စာရင်းနှင့် စာရင်းအင်း ဌာနကဖော်ပြသည်။ သို့သော် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တရုတ်တို့၏ ဖြိုခွင်းမှုအပြီးတွင် လူအများသည် နိုင်ငံတွင်းမှ ထွက်ခွာရန် စိတ်ကူးနေခဲ့ကြကာ ပြီးခဲ့သည့် ၆ လအတွင်း အစုလိုက်အပြုံလိုက်ထွက်ခွာမှုများ ရှိလာသည်။

ပြီးခဲ့သည့် ၆ လမှ ၁၂ လအတွင်း ပြည်သူပေါင်း ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်သည့် နိုင်ငံတွင်းမှ ထွက်ခွာသွားကြသည်ဟု ခန့်မှန်းရပြီး ထိုသူများတွင် ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းများနှင့် မိသားစုများအပါအဝင် တစ်ချိန်က ဟောင်ကောင်တွင်သာ နေရန် သန္နိဋ္ဌာန်ချထားသူများ ပါဝင်သည်။

အများစုမှာ ဗြိတိန်သို့ ရွှေ့ပြောင်းနေကြပြီး မတ်လအထိ ဝင်ရောက်ခွင့်လျှောက်ထားသူ ၁ သိန်းထက်မနည်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly