သမ္မတရှီကျင့်ဖျင်က တရုတ်စီးပွားရေးအထောက်အကူဖြစ်ရန် ငွေကြေးနည်းပညာလိုအပ်ကြောင်း သတိပြုမိလာ

သမ္မတရှီကျင့်ဖျင်က တရုတ်စီးပွားရေးအထောက်အကူဖြစ်ရန် ငွေကြေးနည်းပညာလိုအပ်ကြောင်း သတိပြုမိလာ

တရုတ်ဝန်ကြီးချုပ်လီခေ့ချန်က ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစနစ်ကို လက်နက်အဖြစ်အသုံးပြုမှုအား ပြစ်တင်ရှုတ်ချခဲ့ပြီး ပြည်တွင်းတိုးတက်မှုရည်မှန်းချက်များ ပြည့်မီရန် ကတိပြုလျက် တရုတ်နိုင်ငံ၏ ငွေကြေးနည်းပညာကဏ္ဍ ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းလိုက်သည်။

“ကမ္ဘာ့စီးပွားရေးကို နိုင်ငံရေးလုပ်၊ ဖိအားပေးကာ လက်နက်အဖြစ်အသုံးချပြီး နိုင်ငံတကာဘဏ္ဍာရေးနဲ့ ငွေကြေးစနစ်တွေမှာ လွှမ်းမိုးနိုင်မှုကို အခွင့်ကောင်းယူပြီးတော့ တမင်တကာ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်သူတွေက နောက်ဆုံးမှာ တခြားသူတွေနဲ့ သူတို့ကိုယ်သူတို့ အန္တရာယ်ဖြစ်စေပြီး ကမ္ဘာတစ်လွှားက လူတွေအတွက်လည်း ဘေးအန္တရာယ်တွေ ယူဆောင်လာလိမ့်မယ်'' ဟု ရှီကိုကိုးကား၍ ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ရှီသည် ဇွန်လ ၂၂ ရက်က အလုံးစုံပြုပြင်ပြောင်းလဲမှု ပိုမိုနက်ရှိုင်းလာစေရေးဆိုင်ရာ ၂၆ ကြိမ်မြောက် ဗဟိုကော်မရှင်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံလုံးဆိုင်ရာမူဝါဒ ပြုပြင်ပြောင်းလဲမှုကို အားကောင်းစေပြီး ၂၀၂၂ ခုနှစ်အတွက် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီစေရန်နှင့် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများကို လျှော့ချရန် ပိုမိုထိရောက်သော အစီအမံများ ကျင့်သုံးမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်သည် ဧပြီလအတွက် စိတ်ပျက်ဖွယ်ကောင်းသော စီးပွားရေးဆိုင်ရာအချက်အလက်များကိုလည်း တင်ပြခဲ့သည်ဟု CNN ၌ဖော်ပြထားသည်။

ကြီးမားသော ငွေပေးချေမှုနှင့် ငွေကြေးနည်းပညာပလက်ဖောင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှီသည် စည်းမျဉ်းများ မြှင့်တင်ရန်၊ အဖွဲ့အစည်းဆိုင်ရာ အားနည်းသော ချိတ်ဆက်မှုများကို အားကောင်းစေရန်၊ ငွေပေးချေမှုနှင့် ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံများ၏ လုံခြုံမှုရှိစေရန် ဖြစ်ပေါ်လာနိုင်သည့် စနစ်ကျသော ငွေကြေးဆိုင်ရာအန္တရာယ်များကို သတိပြုရှောင်ရှားရန် တိုက်တွန်းခဲ့သည်ဟု ဆင်ဟွာက ဆိုသည်။

CPC ဗဟိုကော်မတီ ပေါ်လစ်ဗျူရို၏ အမြဲတမ်းကော်မတီဝင်များနှင့် အလုံးစုံပြုပြင်ပြောင်းလဲမှု ပိုမိုနက်ရှိုင်းစေရေး ဗဟိုကော်မရှင်၏ လက်ထောက်အကြီးအကဲများဖြစ်ကြသည့် လီခေ့ချန်၊ ဝမ်ဟူနင်နှင့် ဟန်ကျန်းတို့သည်လည်း အစည်းအဝေး တက်ရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly