အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးမည့် အဖွဲ့ပြန်လည်စေလွှတ်မည့် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကို တာလီဘန်ကြိုဆို

အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးမည့် အဖွဲ့ပြန်လည်စေလွှတ်မည့် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကို တာလီဘန်ကြိုဆို

‌အာဖဂန်နစ္စတန်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီဆက်လက်ပေးရန် အိန္ဒိယအစိုးရက ကဘူးလ်မြို့ရှိ သံရုံးသို့ လုပ်ငန်းအဖွဲ့များ ပြန်လည်စေလွှတ်ရန်ဆုံးဖြတ်ချက်အပေါ် တာလီဘန်အစိုးရက ကြိုဆိုလိုက်သည်။

‌“အာဖဂန်ပြည်သူများနှင့် ပြန်လည်ဆက်ဆံရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးတို့အတွက် သံတမန်များနှင့် အကူအညီပေးရေးအဖွဲ့များအား ကဘူးလ်ရှိ သံရုံးသို့ ပြန်လွှတ်ရန် အိန္ဒိယ အစိုးရ၏ ဆုံးဖြတ်ချက်ကို အာဖဂန်အစ္စလာမ္မစ် စော်ဘွားများနိုင်ငံတော် (lEA) က ကြိုဆိုပါသည်” ဟု တာလီဘန် ပြောခွင့်ရအရာရျိ အဗ္ဗဒူကာဟာ ဘော်လ်ခီက ဇွန် ၂၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‌“အာဖဂန်နစ္စတန်သို့ အိန္ဒိယသံတမန်များ ပြန်လာခြင်းနှင့် သံရုံးပြန်ဖွင့်ခြင်းတို့ဟာ နိုင်ငံတွင်းမှာ လုံခြုံရေး ပြန်လည်ရရှိနေပြီး နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ အခွင့်အရေးအားလုံးကို လေးစားလျက်ရှိကြောင်း ဖော်ပြနေသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ သံရုံးအားလုံးကို နို်ငငံတကာ သံတမန်နည်းလမ်းများနှင့်အညီ လုံခြုံရေးအတွက်တာဝန်ယူကြောင်းလည်း တာလီဘန်ပြောခွင့်ရအရာရှိက ပြောကြားသည်။

“အခြားနိုင်ငံများအနေဖြင့်လည်း သံတမန် အဆောက်အအုံများနှင့် ၎င်းတို့၏ သံရုံးများ ပြန်လည်ဖွင့်လှစ်ရေးအတွက် အာဖဂန်အစ္စလာမ္မစ် စော်ဘွားများနိုင်ငံတော်က တောင်းဆိုပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ဝေငှရေးအတွက် ဆောင်ရွက်နေသူများကို ညှိနှိုင်း ဆောင်ရွက်ပေရန် ကဘူးလ်မြို့သံရုံးသို့ ပံ့ပိုးရေးအဖွဲ့ကို စေလွှတ်ထားကြောင်း အိန္ဒိယအစိုးရက ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။

‌မကြာသေးမီကလည်း အိန္ဒိယအစိုးရ၏အခြားအဖွဲ့တစ်ဖွဲ့သည် အာဖဂန်သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းစဉ်များကို စစ်ဆေးရန်နှင့် တာလီဘန်အကြီးအကဲများနှင့် တွေ့ဆုံရန် အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့သည်။

အဆိုပါခရီးစဉ်အတွက် လုံခြုံရေးအခြေအနေကိုလည်း လေ့လာအကဲဖြတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required