ဆီးရီးယားနယ်စပ်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့် လူ၃၄ဦးကို တူရကီဖမ်းဆီး

ဆီးရီးယားနယ်စပ်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့် လူ၃၄ဦးကို တူရကီဖမ်းဆီး

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၁၀ ။           ။ ဆီးရီးယားမှ တူရကီဘက်သို့ ဝင်လာရန် ကြိုးပမ်းနေသော လူ ၃၄ ဦးကို ဖောက်ခွဲရေးပစ္စည်း ၁၅ကီလိုဂရမ်၊ အသေခံဗုံးခွဲသမား သုံးစွပ်ကျယ်လေးထည်နှင့်အတူ တူရကီစစ်တပ်က ဖမ်းဆီးလိုက်သည်ဟု ဖေဖော်ဝါရီ ၁၀က ယင်းစစ်တပ်၏ ပြောကြားချက်ကို ကိုးကား၍ တူရကီမီဒီယာများက ဖော်ပြသည်။

အမျိုးသား လေးဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေး ၂၀ ပါဝင်သော ယင်းအဖွဲ့သည် အိုင်အက်စ်စစ်သွေးကြွများ ထိန်းချုပ်ထားသော ဧရိယာတစ်ခုကိုဖြတ်၍ အရှေ့တောင်ပိုင်း ဂါဇီယန်တက်ပြည်နယ် အိုဂူဇေလီခရိုင်အရောက်တွင် ဖေဖော်ဝါရီ၉ရက်နေ့ညက ဖမ်းဆီးခံခဲ့ရသည်ဟု ပုဂ္ဂလိက ဒိုဂန်သတင်းဋ္ဌာနနှင့် အခြားမီဒီယာများက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly