ဟောင်ကောင်ကျွန်းလွှဲပြောင်းမှု ၂၅ နှစ်မြောက်အခမ်းအနားသို့ တရုတ်သမ္မတရှီကျင့်ဖျင် သွားရောက်မည်

ဟောင်ကောင်ကျွန်းလွှဲပြောင်းမှု ၂၅ နှစ်မြောက်အခမ်းအနားသို့ တရုတ်သမ္မတရှီကျင့်ဖျင် သွားရောက်မည်

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ဗြိတိန်က ဟောင်ကောင်ကျွန်းအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းမှု ၂၅ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ရန် ယခုသီတင်းပတ်အတွင်း ဟောင်ကောင်သို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ကာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားသည့် လွန်ခဲ့သော ၂ နှစ်ခွဲခန့်နောက်ပိုင်း ရှီ၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။

ဟောင်ကောင်တွင် နေမည့်ရက်ပေါင်းနှင့် အခြားအသေးစိတ်များကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ဟောင်ကောင်၌ ယခုနှစ်တွင် ရောဂါကူးစက်မှုမြင့်တက်နေမှုကို ထိန်းချုပ်ရန် ရုန်းကန်နေရသောကြောင့် အာဏာရကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌနှင့်အထွေထွေအတွေးရေးမှူးချုပ်ဖြစ်သူ သမ္မတရှီအနေဖြင့် ဟောင်ကောင်သို့ အခမ်းအနားအတွက် သီးသန့်သွားရောက်မည်လားဆိုသည်မှာ သံသယဖြစ်ဖွယ်ဖြစ်သည်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ထောင်သွင်းအကျဉ်းချခြင်းနှင့် ဟောင်ကောင်တွင် နိုင်ငံရေး လှုပ်ရှားမှုများကို ဖြိုခွင်းခြင်းဖြင့် အာဏာရပါတီသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အချက်အချာဖြစ်သော ဟောင်ကောင်၏အဆင့်အတန်းကို ဖျက်ဆီးနေကြောင်း သတိပေးမှုများ မြင့်တက်လာပြီးနောက် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်လာခြင်းဖြစ်သည်။

ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဆိုးရွားနေကြောင်း တရုတ်က ဝန်ခံပြီး ခရီးအသွားအလာထိန်းချုပ်မှုများ စတင်ခါနီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ပြီးနောက်ပိုင်း သမ္မတရှီသည် တရုတ်ပြည်မကြီးပြင်ပသို့ ထွက်ခွာခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly