တံတားစီမံကိန်းဖြင့်ဘင်္ဂလားဒေ့ရှ်ကိုလွှမ်းမိုးလိုသော တရုတ်၏ အကြံအစည် မအောင်မြင်

တံတားစီမံကိန်းဖြင့်ဘင်္ဂလားဒေ့ရှ်ကိုလွှမ်းမိုးလိုသော တရုတ်၏ အကြံအစည် မအောင်မြင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းမှ မြောက်ပိုင်းနှင့် အရှေ့ပိုင်းများသို့ သွယ်တန်းထားသည့် အရှည် ၆ ဒသမ ၁၅ ကီလိုမီတာ ရှည်လျားသော ကားလမ်း-ရထားလမ်း ၄လမ်းသွား ပါဒမားတံတားကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ၂၀၂၂ ခုနှစ် ဇွန် ၂၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ရှိတ်ခ်ဟာဆီနာအပေါ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် စီးပွားရေးသမား မိုဟာမက် ယူနပ်စ်ကစွပ်စွဲပြောဆိုထားသည့် အကျင့်ပျက်ခြစားမှုကို အကြောင်းပြ၍ ကမ္ဘာ့ဘဏ်က ဘင်္ဂလားဒေ့ရှ်ကို ချေးငွေပေးရန် ငြင်းဆန်ပြီးနောက် တာကာ ၃၀ ၁၉၆ ဒသမ ၆ ကုဋေ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ) အကုန်အကျခံ ဆောက်လုပ်ထားသည့် အဆိုပါတံတားအား ဘင်္ဂလားဒေ့ရှ် အစိုးရမှ အပြည့်အဝ ထောက်ပံ့ပေးထားသည်။

တရုတ်နိုင်ငံ၏ မီးရထားလမ်းတံတားအင်ဂျင်နီယာအဖွဲ့ (RMBEG) က ပါဒမာတံတားကို ဆောက်လုပ်ခဲ့သော်လည်း တရုတ်အစိုးရသည် ဘင်္ဂလားဒေ့ရှ် ပြည်သူများကို လွှမ်းမိုးရန် ကြိုးပမ်းသည့်အနေဖြင့် အဆိုပါ တံတားသည် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းနှင့်

၎င်း၏ ရှေ့ပြေး အဖွဲ့အစည်း ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်ပိုးလမ်းမဖိုရမ် (BCSRF) တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တံတားကို နိုင်ငံခြားငွေကြေးအကူအညီဖြင့်တည်ဆောက်ပြီး ခါးပတ်လမ်းရပ်ဝန်း၏ အစိတ်အပိုင်း ဖြစ်သည်ဟူသော ဘင်္ဂလားဒေ့ရှ်အခြေစိုက် ပေကျင်းကျောထောက်နောက်ခံပြုသည့် အဖွဲ့အစည်းများ၏ ပြောဆိုချက်ကို ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်ထုတ်ကာ ငြင်းဆိုခဲ့သည်။

စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဘင်္ဂလားဒေ့ရှ်နှင့် နိုင်ငံခြားဆောက်လုပ်ရေးကုမ္ပဏီများ ပါ၀င်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီဂဌနမှ အရှေ့အာရှနှင့်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူးချုပ် ကာဇီရပ်ဆဲလ် ပါဗက်က တရုတ်သံရုံးမှ ဒုတိယအကြီးအကဲ ဟူလောင်ယန်းကို ဆင့်ခေါ်ခဲ့ပြီး အစိုးရအနေဖြင့် စိတ်ဆိုး ဒေါသထွက်နေကြောင်း အသိပေးခဲ့သည်။

ပါဒမာတံတားနှင့် ၎င်းနှင့်ဆက်စပ်သော လမ်းမအပါအဝင် စီမံကိန်းရှိ တရုတ်ကုမ္ပဏီများသည် တစ်ဆင့်ခံလုပ်ငန်း များ အဖြစ်သာပါဝင်ခဲ့ကြောင်းနှင့် တံတားအပါအဝင် စီမံကိန်းတစ်ခုလုံးအတွက် ကုန်ကျစရိတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ ပေးရကြောင်း ယန်းအား အသိပေးခဲ့သည်။

တရုတ်မီးရထားလမ်းတံတားအင်ဂျင်နီယာအဖွဲ့ (RMBEG) ကသာ တံတားကို တည်ဆောက်ခဲ့သည်ဟု တရုတ်နိုင်ငံက အခိုင်အမာပြောဆိုမှုကို ဘင်္ဂလားဒေ့ရှ် အစိုးရက မကျေမနပ်ဖြစ်နေသည်။

အမှန်တကယ်တွင်မူ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ယူကေ၊ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ သြစတြေးလျ၊ နယူးဇီလန်၊ နယ်သာလန်၊ ဂျပန်၊ စင်ကာပူ၊ ဒိန်းမတ်၊ အီတလီ၊ မလေးရှား၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ နီပေါ နှင့် တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၂၀ ရှိ ကုမ္ပဏီအသီးသီး၏ နည်းပညာနှင့် ကျွမ်းကျင်မှုစွမ်းရည် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တံတားတည်ဆောက်ရန် နိုင်ငံပေါင်း ၅၀ မှ ပစ္စည်းများကိုလည်း အသုံးပြုခဲ့သည်။

ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘင်္ဂလားဒေ့ရှ်၌ တံတားတည်ဆောက်မှုကို ခါးပတ်လမ်း ရပ်ဝန်းနှင့်ဆက်စပ်သောစီမံကိန်းအဖြစ် မီးမောင်းထိုးပြသော တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းနှင့် တရုတ်ဝါဒ ဖြန့်မှုဆိုင်ရာ ပိုင်စိုးပိုင်နင်းသဘောထားမှာ မအောင်မြင်ခဲ့ကြောင်း ယခုအခါ သိသာပေါ်လွင်လာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required