အာရှအမျိုးသမီးများနှင့် ဂျာနစ်လစ်များက တရုတ်ကွန်မြူနစ်ပါတီဖိနှိပ်မှု၏ ပစ်မှတ်သစ်များဖြစ်လာ

အာရှအမျိုးသမီးများနှင့် ဂျာနစ်လစ်များက တရုတ်ကွန်မြူနစ်ပါတီဖိနှိပ်မှု၏ ပစ်မှတ်သစ်များဖြစ်လာ

ကမ္ဘာပေါ်တွင် ထင်ရှားသည့် New Yorker၊ The Economist၊ The New York Times နှင့် အခြားမီဒီယာများအပါအဝင် မီဒီယာများစွာရှိ ထင်ရှားကျော်ကြားသော တရုတ်ဂျာနယ်လစ်များနှင့် တခြား လေ့လာသုံးသပ်သူများသည် နာမည်ကျော်သတင်းသမားများကိုဆန့်ကျင်သည့် အွန်လိုင်းပြန်ကြားရေးကဏ္ဍ လှုပ်ရှားမှုကို ရင်ဆိုင်နေရပြီး အာရှနွယ်ဖွားအမျိုးသမီးများသည် အဆိုးရွားဆုံး အထင်အမြင်သေးမှုကို တွေ့ကြုံ နေရကြောင်း ယင်းဖြစ်ရပ်များက ပြသနေသည်။

လက်ရှိကမ်ပိန်း၏ ရည်ရွယ်ချက်မှာ ပြည်တွင်းနှင့် နိုင်ငံတကာ ပရိသတ်များရှေ့မှောက်တွင် အမျိုးသမီးများ၏ အလုပ်ကို သိက္ခာချရန်ဖြစ်သည်ဟု VOA ကဆိုသည်။ စိတ်ကြိုက်များကို အလေးပေးဖော်ပြခြင်းနှင့် ဝေဖန်မှုများ ကို ဖျောက်ဖျက်ခြင်းဖြင့် ကမ္ဘာတစ်ဝန်း၌ သိက္ခာတက်ရန်လုပ်ဆောင်သော တရုတ်၏ အားထုတ်မှုနှင့် ဤနည်းဗျူ ဟာက လိုက်လျောညီထွေဖြစ်လျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ဆိုင်ရာ သတင်းပလက်ဖောင်းများ၊ သဘောထားအမြင်များနှင့် ကျွမ်းကျင်မှုများရှိသည့် အာရှနွယ်ဖွားအမျိုးသမီးများနှင့် ပြဿနာဖြစ်လျက်ရှိသည်။

“ဒီအမျိုးသမီးတွေရဲ့ အမြင်နဲ့ အလုပ်တွေကို တန်ပြန်ဖို့ ကြိုးပမ်းရာမှာ CCP ဟာ အနောက်တိုင်း မီဒီယာကြီး တွေမှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တွေကို အဓိကထားပြီး အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ သူ့ရဲ့ ကြီးထွားလာတဲ့ ပြန်ကြားရေးစစ်ဆင်ရေးစွမ်းရည်တွေကို ဦးစားပေးရင်း အလုပ်များနေပါတယ်” ဟု VOA ၌ ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးနောက်ကွယ်မှ မစစ်မှန်သော တွစ်တာအကောင့်များသည် CCP ကိုထောက်ခံသော နောက်ထပ် ပုံဖျက်ကွန်ရက်တစ်ခုဖြစ်ဖွယ်ရှိသည်ဟု ဩစတြေးလျမဟာဗျူဟာမူဝါဒအင်စတီကျုက အကဲဖြတ်ထားသည်။

အမျိုးသမီးများကို ပစ်မှတ်ထားရန် တစ်ခုတည်းသောရည်ရွယ်ချက်ဖြင့် ဤကွန်ရက်တွင် အကောင့်ရာ ပေါင်းများစွာကို ဖန်တီးထားသည်။ အချို့က အမျိုးသမီးတစ်ဦးကို ပစ်မှတ်ထားပြီး အချို့က တစ်ချိန်တည်းတွင် အမျိုးသမီးအများအပြားကို ပစ်မှတ်ထားကြသည်။

အင်္ဂလိပ်နှင့် မန်ဒရင်း နှစ်ဘာသာဖြင့် ပြုလုပ်သော ဤနောက်ဆုံးကမ်ပိန်းတွင် စိတ်ပိုင်းဆိုင်ရာ စော်ကားမှု၊ နှောင့်ယှက်မှု၊ အုပ်စုဖွဲ့ ရန်လုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ပါဝင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required