တရုတ်တွင် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများနှင့် အတိုးနှုန်းဖြတ်တောက်မှုများက ယွမ်ငွေတန်ဖိုးကို ကျဆင်းစေ

တရုတ်တွင် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများနှင့် အတိုးနှုန်းဖြတ်တောက်မှုများက ယွမ်ငွေတန်ဖိုးကို ကျဆင်းစေ

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ယွမ်ငွေကို စွန့်ပစ်ကာ ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများမှ ထွက်ပြေးခြင်းနှင့် အတိုးနှုန်းဖြတ်တောက်မှုများက နိုင်ငံခြားအရင်းအနှီးများ တရုတ်မှ ထွက်ခွာမှုကို ပိုဆိုးရွားစေခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများက ယင်းတို့၏ ငွေကို ယွမ်မှ ဒေါ်လာသို့ ပြောင်းလဲကြသဖြင့် ယွမ်ငွေကျဆင်းချိန်တွင် ဒေါ်လာတန်ဖိုး မြင့်တက်သွားကြောင်း HK Post က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် လေးပတ်အတွင်း ဒေါ်လာနှင့် ယွမ်ငွေလဲလှယ်နှုန်းသည် ၆ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ ဈေးကွက်လေ့လာသုံးသပ်သူများသည် ယွမ်ငွေတန်ဖိုး ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းထားပြီ ၇ရာခိုင်နှုန်း ကျော်သွားမည်ဟု ဆိုသည်။

အဆင့်သတ်မှတ်ရေးအေဂျင်စီ Barclays က အလားတူပင် ယွမ်ငွေကို ၆ ဒသမ ၉ သို့ အဆင့်လျှော့ချလိုက် သော်လည်း ပိတ်ဆို့ကန့်သတ်မှုများနှင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ယွမ်ငွေသည် ၇ ရာခိုင်နှုန်းအထိ ကျသွားနိုင်ကြောင်း ပြောကြားခဲ့သည်ဟု HK Post က ဖော်ပြခဲ့သည်။

မတ်လတွင် ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူများက ယွမ်ငွေလွှမ်းမိုးထားသည့် ကြွေးမြီအတွက် ဒေါ်လာ ၂၄ ဒသမ ၂ ဘီလီယံဖိုးကို စံချိန်တင်ရောင်းချခဲ့သည်။

တရုတ်တိုးတက်မှုအလားအလာ ကျဆင်းလာခြင်း၊ ငွေချေး သက်သေခံစာချုပ်များအတိုးနှုန်း ကျဆင်းခြင်းနှင့် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများတွင် မြင့်မားသော နှုန်းထားများကြောင့် တရုတ်မှ ရင်းနှီးမြှုပ်နှံမှုများ အစုလိုက် အပြုံလိုက်ထွက်ခွာသွားခြင်း ဖြစ်သည်။

ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် အမေရိကန်နှင့် အခြား အနောက်နိုင်ငံများက အတိုးနှုန်း မြှင့်တင်နေချိန် တွင် တရုတ်ဗဟိုဘဏ်က စီးပွားရေးကို လှုံ့ဆော်ရန်အတွက်နှုန်းထားများကို ဖြတ်တောက်ရန် စဉ်းစားနေသည်။

ဧပြီလတွင် ဗဟိုဘဏ်က ငွေကြေးလည်ပတ်မှုများစေရန်အတွက် အရန်ငွေလိုအပ်ချက်ကို ၉ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required