ပါပူဝါနယူးဂီနီ ကမ်းလွန်တွင် ၆ ဒသမ ၄ ပြင်းအားရှိ ငလျင်လှုပ်

ပါပူဝါနယူးဂီနီ ကမ်းလွန်တွင် ၆ ဒသမ ၄ ပြင်းအားရှိ ငလျင်လှုပ်

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၉ ။            ။ ဖေဖော်ဝါရီ ၉ ရက်နေ့အစောပိုင်းက ပါပူဝါနယူးဂီနီနိုင်ငံ၏ ဘူဂိန်းဗီးလ်ကျွန်း ကမ်းရိုးတန်းအလွန်တွင် ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ငလျင်ပညာရှင်များက ပြောသည်။ သို့သော်လည်း ဆူနာမီသတိပေးချက် ချက်ခြင်းမထုတ်ပြန်ခဲ့ပေ။

ငလျင်သည် ထိုနေ့ နံနက် ၂ နာရီ ၁၉ မိနစ်က ပန်ဂူနာ၏ အနောက်တောင်ဘက် ၉၆ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့သည်ဟု အမေရိကန် ဘူမိဗေဒလေ့လာတိုင်းတာရေးအဖွဲ့ (USGS) က ပြောသည်။

ငလျင်ဗဟိုချက်မှာ ဘူဂိန်းဗီးလ်ကျွန်းပေါ်မှ အေရာဝါမြို့၏ အနောက်တောင်ဘက် ၁၀၂ကီလိုမီတာဖြစ်ပြီး အနက်မှာ ၃၂ကီလိုမီတာဖြစ်သည်ဟု USGS ကပြောသည်။

ကီလိုမီတာ ၄,၀၀၀ရှည်လျားသော ငလျင်ရပ်ဝန်း၏ အစိတ်အပိုင်းဖြစ်သော ပစိဖိတ် သြစတြေးလျ မြေထုချပ်ပေါ်တွင် တည်ရှိသော ကျွန်းနိုင်ငံဖြစ်သည့် ပါပူဝါနယူးဂီနီတွင် ငလျင်များလှုပ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly