တရုတ်အစိုးရ၏ တရားခံပြေးလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဟောင်ကောင်တွင် ကန့်ကွက်သည့် ၃ နှစ်ပြည့် အထိမ်းအမှတ် တိုကျိုတွင် ဆန္ဒပြ

တရုတ်အစိုးရ၏ တရားခံပြေးလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဟောင်ကောင်တွင် ကန့်ကွက်သည့် ၃ နှစ်ပြည့် အထိမ်းအမှတ် တိုကျိုတွင် ဆန္ဒပြ

တရုတ်အစိုးရ၏ တရားခံပြေးလွှဲပြောင်းရေးဥပဒေမူကြမ်းအား ရုပ်သိမ်းရန် လွန်ခဲ့သော ၃ နှစ်က ဟောင်ကောင်တွင် တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဇွန် ၁၂ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျို့မြို့လယ်၌ ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

ဟောင်ကောင်ဆန္ဒပြပွဲများ၏ အားအကောင်းဆုံး သင်္ကေတဖြစ်ခဲ့သည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကာ အဝါရောင်ထီးများ ကိုင်ဆောင်ထားသည့် လူပေါင်း ၂၀ဝ ကျော်က တိုကျိုမြို့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။

တက်ကြွလှုပ်ရှားသူများက တိဘက်၊ ဝီဂါ၊ မွန်ဂိုးလီးယား၊ ဟောင်ကောင်နှင့် ထိုင်ဝမ်အသိုင်း အဝိုင်းများကို ကိုယ်စားပြုကာ တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးစွန်ခံစားနေရရှိသူများအတွက် စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ကြသည်။

ဟောင်ကောင်ရှိ အစိုးရဌာနချုပ်အပြင်ဘက်တွင် ၂၀၁၉ခုနှစ်၊ ဇွန်လ ၁၂ ရက်က တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြသူများနှင့် ဟောင်ကောင်ရဲတပ်ဖွဲတို့ကြား ပြင်းထန်သော ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

အများက ကန့်ကွက်မှုများရှိနေသော်လည်း အငြင်းပွားဖွယ် တရားခံပြေးလွှဲပြောင်းရေးဥပဒေမူကြမ်း ပြင်ဆင်ချက် ကို ဟောင်ကောင်အစိုးရက တင်သွင်းခဲ့ခြင်းကြောင့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့များ၊ ရော်ဘာကျည်ဆန်တွေ၊ ကျည်တုများဖြင့် ဆန္ဒပြသူများကို လူစုခွဲရန် ကြိုးပမ်းခဲ့သော်လည်း ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် အစိုးရရုံးချုပ်အပြင်ဘက်တွင် စုဝေးခဲ့ပြီး ဥပဒေကြမ်းကို ဒုတိယအကြိမ် ဖတ်ကြားမှုကို ရပ်တန့်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly