အိန္ဒိယကျောင်းဝန်းအတွင်း ကျားသစ်ဝင်ရောက်ရာမှ ၀ရုံးသုဉ်းကားမှုဖြစ်ပွား လူ ၃ ဦး ကုတ်ခြစ်ခံရ

အိန္ဒိယကျောင်းဝန်းအတွင်း ကျားသစ်ဝင်ရောက်ရာမှ ၀ရုံးသုဉ်းကားမှုဖြစ်ပွား လူ ၃ ဦး ကုတ်ခြစ်ခံရ

နယူးဒေလီ၊ ဖေဖော်ဝါရီ - ၉ ။             ။ အိန္ဒိနိုင်ငံ ဘန်ဂလိုးမြို့တွင် ကျောင်းဝင်းအတွင်းသို့ ကျားသစ်တစ်ကောင်ဝင်လာပြီး လူ ၃ ဦးကို ကုတ်ခြစ်ခဲ့ရာ အာဏာပိုင်များမှာ ကျားသစ်ကို ထိန်းချုပ်ရန် တစ်နေ့လုံးလုံး ကြိုးစားခဲ့ကြရသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၇ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှု ဗွီဒီယိုမြင်ကွင်းတွင် ပုဂလိကကျောင်း၏ ရေကူးကန်ကို ပတ်ပြေးနေကြသည့် အတောင်နှစ်ဆယ်ဝတ် မင်းယောကျာ်းများကို ကျားသစ်က ပြေးလိုက်နေပြီး၊ ထွက်ပြေးရန် ကြိုးစားသူများကို ခုန်အုပ်ကာ ကုတ်ခြစ်နေပုံများကို မြင်ရသည်ဟု ဆိုသည်။

အနီးအနားရှိ သစ်တောမှ ကျောင်းဝင်းအတွင်းသို့ လေလွင့်ရောက်ရှိလာပုံရသည့် ၆နှစ်အရွယ် ကျားသစ်အထီးကို နောက်ဆုံးတွင် မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ကာ ကုသရန်အတွက် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးပန်းခြံသို့ ယူဆောင်သွားခဲ့ကြသည်ဟု ဆိုသည်။

ဒဏ်ရာရသွားသည့် သစ်တောဌာနအရာရှိမှာ သက်သာပျောက်ကင်းရျ် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုတွင် အရိုးဒဏ်ရာရသွားသည့် တောရိုင်းတိရစ္ဆာန် သိပ္ပံပညာရှင်မှာလည်း ကုသမှု ခံယူနေရကြောင်း ကာနာတကာပြည်နယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အကြီးအကဲ ရာဗီ ရက်က ပြောကြားခဲ့သည်။

ကာနာတကာပြည်နယ်၊ ဒါဗန်ဂျရီခရိုင် ရဲချုပ်၏ ပြောကြားချက်အရ အဆိုပါ တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်ရပ်မှာ တနင်္ဂနွေနေ့ နံနက် ၄နာရီ ၁၅မိနစ်အချိန်ခန့်တွင် ဘန်ဂလိုး ဆင်ခြေဖုံးရှိ ဗစ်ဂျာ နိုင်ငံတကာ ကျောင်းမှ လုံခြုံရေးအစောင့်က ကျားသစ်ကို တွေ့ရှိရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်တော့ ထောက်လှမ်းရေးကင်မရာတွင် ကျားသစ်ကို တွေ့ရှိခဲ့ရသော်လည်း နောက်ပိုင်း နေ့လယ်ခင်းအချိန်အထိ ပျောက်ဆုံးနေခဲ့သည်ဟု ဆိုသည်။

အာဏာပိုင်များက ရှာဖွေမှုကို ရပ်တော့မည့်ဆဲဆဲတွင်မှ ညနေ ၃နာရီ ၃၀မိနစ်ခန့်တွင် ကျောင်းနောက်ဘက်ရှိ ခြုံဖုတ်ထဲတွင် ကျားသစ်ကို ပြန်တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ကျားသစ်က ကျောင်းအတွင်းသို့ ပြေးဝင်သွားရာ အာဏာပိုင်များက ရေချိုးခန်းတစ်ခုထဲတွင် သော့ခတ် ပိတ်လှောင်ထားခဲ့ကြသည်ဟု ဆိုသည်။

သို့ရာတွင် ကျားသစ်မှာ လေပြွန်ပိုက်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက်သွားပြီး ရေကူးကန်ဝင်းထဲသို့ ရောက်ရှိလာရာမှ တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ညနေ ၆နာရီ ၃၀မိနစ်ခန့်တွင် အာဏာပိုင်များက ကျားသစ်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြသော်လည်း ဆေးတန်းခိုး ချက်ချင်းမပြသဖြင့် ဖမ်းရ ခက်ခဲနေခဲ့ကြသည်။

ကာနာတာကပြည်နယ်တွင် ကျားသစ်ကောင်ရေ ၁၅၀၀မျှ ရှိနေသော်လည်း မြို့ပြနယ်ပယ်အတွင်းသို့ လေလွင့်ကျူးကျော်လာသည်မှာ ရှားပါးဖြစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ အိန္ဒိယ တောရိုင်းတိရစ္ဆာန် အင်စတီကျု၏ ကိန်းဂဏန်းများအရ အိန္ဒိယတွင် ကျားသစ်ကောင်ရေ ၁၂၀၀၀မှ ၁၄၀၀၀နီးပါးအထိ ရှိနေသေးသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly