နိုင်ငံတွင်း လုံခြုံရေးကုမ္ပဏီဖွင့်ရန် တရုတ်၏ တောင်းဆိုမှုကို ပါကစ္စတန် ပယ်ချ

By ANI
19 June 2022
နိုင်ငံတွင်း လုံခြုံရေးကုမ္ပဏီဖွင့်ရန် တရုတ်၏ တောင်းဆိုမှုကို ပါကစ္စတန် ပယ်ချ

ပါကစ္စတန်နိုင်ငံအတွင်း၌ လုံခြုံရေးကုမ္ပဏီတစ်ခု ဖွင့်လှစ်ခွင့်တောင်းသည့် တရုတ်၏ မေတ္တာရပ်ခံချက်ကို ပါကစ္စတန်အစိုးရက ပယ်ချခဲ့ကြောင်း ARY News တွင် ဖော်ပြထားသည်။

ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ရာနာဆန်နာအူလာက ပါကစ္စတန်တွင် မည်သည့်နိုင်ငံကမျှ လုံခြုံရေးကုမ္ပဏီ ဖွင့်၍မရကြောင်း ပြောကြားခဲ့သည်ဟု ARY သတင်းဌာနကို ကိုးကား၍ ပါကစ္စတန်ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

တရုတ်က ပါကစ္စတန်တွင် လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် တောင်းဆိုထားကြောင်း သတင်းရင်းမြစ်များ ကဆိုသည်။ အဆိုပါ တောင်းဆိုချက်ကို တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဌာနက ပါကစ္စတန်အစိုးရထံ ပေးပို့ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနက တရုတ်အစိုးရ၏ တောင်းဆိုမှုကို ကန့်ကွက်ခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်များက ပါကစ္စတန်နှင့်တရုတ်တို့သည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသည်ဟု ထင်ရသည်။ မကြာသေးမီအချိန်များအတွင်း တရုတ်နိုင်ငံသားများကို တိုက်ခိုက်မှု မြင့်တက်လာသည်။

ဘာလို့ချ်သောင်းကျန်းသူများက တရုတ်သည် ဘာလိုချီစတန်၏သဘာဝအရင်းအမြစ်များကို လုယူနေသည်ဟု ပြောဆိုလျက် ဓာတ်ငွေ့ပိုက်လိုင်းများနှင့် လျှပ်စစ်တာဝါတိုင်များကဲ့သို့သော တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) များကို ပုံမှန်ပစ်မှတ်ထားလျက်ရှိသည်။

အစောပိုင်းက ကရာချိမြို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်။ ဘာလို့ချ်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း နောက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံအတွင်းတွင် တရုတ်နိုင်ငံသားများ ပစ်မှတ်ထားခံနေရချိန်တွင် အစ္စလာမာဘတ်ရဲတပ်ဖွဲ့သည် အဆိုပါတိုက်ခိုက်မှုများကြောင့် လိုအပ်သောဝန်ထမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် နိုင်ငံခြားသား လုံခြုံရေးစခန်းတစ်ခုကို တည်ဆောက်ပေးထားသည်။

CPEC နှင့် ဆက်နွှယ်သောတရုတ်နိုင်ငံသားများကိုလည်း လုံခြုံရေးတပ်ဖွဲ့များနှင့်လက်နက်ကိုင်တပ်ဖွဲ့များဖြင့် လုံခြုံရေးယူပေးထားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly