တရုတ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဈေးများ ဈေးနှုန်းမြင့်တက်လာ

တရုတ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဈေးများ ဈေးနှုန်းမြင့်တက်လာ

၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ၁၁ ကြိမ်မြောက် စက်သုံးဆီဈေး မြင့်တက်ပြီးနောက် တရုတ်က ဇွန်၁၅ရက်မှ စတင်၍ ဓာတ်ဆီနှင့် ဒီဇယ်ဆီ လက်လီဈေးနှုန်းများ ထပ်မံမြင့်တက်လာကြောင်း တရုတ် ထိပ်တန်း စီးပွားရေး စီစဉ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ အဆိုအရ ဓာတ်ဆီနှင့် ဒီဇယ်ဈေးသည် တစ်တန်လျှင် ယွမ် ၃၉၀ (အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၈ ခန့်) နှင့် ၃၇၅ ယွမ် အသီးသီး ဈေးတက်လာ မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာရေနံဈေးနှုန်းများ မကြာသေးမီက အပြောင်းအလဲများအပေါ် အခြေခံ၍ ဈေးနှုန်းတက်ခြင်းဖြစ် ကြောင်း တရုတ်စီးပွားရေးအစီစဉ်ရေးဆွဲသည့်အဖွဲ့က ဆိုသည်။

တရုတ်ထိပ်တန်းရေနံကုမ္ပဏီကြီး ၃ခုဖြစ်သည့် China National Petroleum Corporation၊ China Petroleum and Chemical Corporation နှင့် China National Offshore Oil Corporation တို့ကို ရေနံထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းရေးနှင့် တည်ငြိမ်သောထောက်ပံ့မှုရရှိစေရေးအတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေ စေရန် တောင်းဆိုထားသည်။

ပေကျင်း၊ ရှန်ဟိုင်းနှင့် ရှန်းကျန့်အပါအဝင် တရုတ်ပြည်နယ်နှင့် မြို့ကြီးများတွင် ပိတ်ဆို့ကန့်သတ်မှုများကြောင့် မြို့များအကြား ခရီးသွားလာမှုကို ဖြတ်တောက်ခဲ့ပြီး ထုတ်လုပ်မှုလိုင်းများ ရပ်တန့်သွားခဲ့ကြောင်း မီဒီယာဌာနမှ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခဲ့ရာ ကမ္ဘာတစ်ဝန်း ရေနံဈေးများ မြင့်တက်လာခဲ့သည်။ ကုန်ဈေးနှုန်းများ တက်လာခြင်းသည် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခဲ့သည်။

အရှေ့ဥရောပ စစ်ပွဲသည် ရေနံဈေးနှုန်းအပေါ် ဖိအားများ ဆက်လက် တိုးမြင့်လာနေပြီး တရုတ်တွင် လောင်စာဆီ ဈေးနှုန်းများ နောက်ဆုံး မြင့်တက်လာခြင်းက ရုရှား၏ ယူကရိန်းကို ကျူးကျော်ခြင်း၏ နောက်ထပ် ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly