ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မာ့ခ်ရိုကာကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေတဲ့ လိဒ်

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မာ့ခ်ရိုကာကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေတဲ့ လိဒ်

လိဒ်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား မာ့ခ်ရိုကာကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

စပိန် ယူ-၂၁ လက်ရွေးစင်ဟောင်းဟာ သောကြာနေ့မှာ ပရီးမီးယားလိဂ်ကလပ်ကို ဆေးစစ်ဖို့ စီစဉ်ထားပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားသည် ဆယ်လ်ဘတ်အသင်းက အာရွန်ဆင်နဲ့ ရက်မက်စ် ခရစ္စတင်ဆင်တို့ရောက်ရှိလာပြီးနောက် ကလပ်ရဲ့ တတိယမြောက် နွေရာသီခေါ်ယူမှုဖြစ်လာမှာပါ။

ရိုကာဟာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ဘိုင်ယန်အတွက် ၂၄ ပွဲ ကစားပေးထားပါတယ်။

သူဟာ ဘိုင်ယန်မြူးနစ်အတွက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ၂၀၂၀ မှာ အက်စ်ပန်ညိုအသင်းကနေ ချုပ်ဆိုထားတဲ့ သူ့ရဲ့ လက်ရှိငါးနှစ်စာချုပ်ဟာ နှစ်နှစ်သာ ရှိသေးပြီး ဂျာမနီကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။။

Ref;
BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly