တရုတ်က ရှေးဟောင်းသုတေသနပညာရပ်ကို အသုံးချကာ တိဗက်၏ သမိုင်းကို ထိခိုက်အောင် လုပ်ဆောင်နေ

တရုတ်က ရှေးဟောင်းသုတေသနပညာရပ်ကို အသုံးချကာ တိဗက်၏ သမိုင်းကို ထိခိုက်အောင် လုပ်ဆောင်နေ

တိဗက်တို့တွင် ကိုယ်ပိုင်သမိုင်းကြောင်းများရှိသည်ဟူသော အဆိုကို ဖျက်ဆီးရန်နှင့် တိဗက်သည် တရုတ်၏ ခွဲမရသောအစိတ်အပိုင်း အမြဲဖြစ်ခဲ့သည်ဆိုသောအချက်ကို အလေးပေးရန် သမိုင်းဦးကာလ တိဗက်၏ ရှေးဟောင်းသုတေသနနေရာများမှ ရှာဖွေတွေ့ရှိချက်ကို သက်သေအဖြစ် အသုံးပြုလျက်ရှိသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေမှုများကို တရုတ်နိုင်ငံတွင် လစဉ်ပြုလုပ်ပြီး တရုတ်ကွန်မြူနစ်ပါတီက ယင်းကို တခြားသောကဏ္ဍများကဲ့သို့ပင် နိုင်ငံရေးအကျိုးအမြတ်ဖြစ်စေရန် အသုံးချလျက်ရှိသည်။

တရုတ်သည် တိဗက်၏ ပေါများလှသော သဘာဝအရင်းအမြစ်များကို လုယူရန် မြေများတူးဖော်ခြင်းနှင့် မိုင်းတွင်းစီမံကိန်းများကို ဦးဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲရေးအကြီးအကဲ လီချန်းက တရုတ်သည် ၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံချက်တွင် ရှေးဟောင်းသုတေသန လုပ်ငန်းများအတွက် အစီအစဉ်များကို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီ ၁၇ ရက်က ကြေညာခဲ့သည်ဟု တိဗက်သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏မြေသမိုင်းကို နိုင်ငံရေးရှုထောင့်အဖြစ် များစွာအလေးအနက်ထားလျက်ရှိပြီး အတိတ်ကို မည်သို့မည်ပုံ နားလည်ရန်နှင့် ကောက်ချက်ချရန် တင်းတင်းကျပ်ကျပ်လုပ်ဆောင်နိုင်ရေးအတွက် သမိုင်းကြောင်းကို အရေးပါသောအစိတ်အပိုင်းအဖြစ် မှတ်ယူထားသည်။

တရုတ်သည် တိဗက်တွင် ထိုသို့သော တူးဖော်မှုများကို ဦးဆောင်ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ ထင်ပေါ်လှသော ကိုယ်ပိုင်သမိုင်းကြောင်းနှင့် တိဗက်ကို ချိတ်ဆက်နိုင်ရေးအတွက် တွေ့ရှိချက်များကို အသုံးချရန် ရှေးဟောင်း သုတေသနဆိုင်ရာစူစမ်းလေ့လာမှုများကို စီစဉ်လျက်ရှိသည်။

တိဗက်သည် သီးခြားနိုင်ငံမဟုတ်ခဲ့ဘဲ တရုတ်ပြည်မကြီး၏ အစိတ်အပိုင်းဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အစကတည်းက ဖန်တီးခဲ့သောပြောဆိုချက်များကို ခိုင်မာစေရန် ရိုးရှင်းသောတွေ့ရှိချက်များကပင် တရုတ်အတွက် အရေးပါနေပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly