တရုတ်က မိုဘိုင်းလ်ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ထားခြင်းကြောင့် အာဖရိကစီးပွားရေးထိခိုက်

တရုတ်က မိုဘိုင်းလ်ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ထားခြင်းကြောင့် အာဖရိကစီးပွားရေးထိခိုက်

တရုတ်က လက်ကိုင်ဖုန်း သန်းပေါင်းများစွာကို တင်ပို့နေခြင်းကြောင့် အာဖရိကတွင် မိုဘိုင်းလ်ဖုန်းသုံးစွဲမှု များပြားသော်လည်း အဆိုပါ စီးပွားရေး လုပ်ငန်း၏ အကျိုးကျေးဇူးများကို မခံစားရပေ။

အာဖရိကသည် အိန္ဒိယဈေးကွက်ကို အတုယူနိုင်သည်ဟု ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

အိန္ဒိယ သည် မိုဘိုင်းလ်ဖုန်းပစ္စည်းများ ထုတ်လုပ်မှုကို လွယ်ကူချောမွေ့စေသည့်အပြင် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ဒေသတွင်းဈေးကွက်ကို ဝန်ဆောင်မှုပေးခြင်းနှင့် တင်ပို့မှုတို့ ပြုလုပ်နိုင်သည်။

အာဖရိက၏ မိုဘိုင်းဖုန်းဈေးကွက်ကို တရုတ်က လွှမ်းမိုးထားသည်။ ကမ္ဘာတွင် အလျင်မြန်ဆုံးတိုးတက် လာနေသည့် တိုက်ကြီးဖြစ်ပြီး ကမ္ဘာတွင် အသက်အငယ်ဆုံး လူဦးရေအများဆုံးနေထိုင်ရာ အာဖရိကသည် လာမည့်ဆယ်စုနှစ်သုံးခုအတွင်း ကြီးမားသည့် ဝယ်ယူသူဈေးကွက်ဖြစ်လာရန် အလားအလာရှိကြောင်း China Global South က ဖော်ပြခဲ့သည်။

သို့သော် သုတေသန အချက်အလက်များအရ အာဖရိက၏ မိုဘိုင်းလ်ဖုန်းများ သုံးစွဲမှု ကြီးမားမှုသည် အာဖရိကတိုက်ကို အကျိုးကျေးဇူးမဖြစ်ပေါ်ခဲ့ပေ။

တရုတ်ထုတ်လုပ်သူ Transsion သည် ၂၀၂၁ခုနှစ် စတုတ္ထသုံးလပတ်တွင် ဈေးကွက်ဝေစု၏ ၄၇ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အခြားရောင်းချသူထက် အာဖရိကတွင် ဖုန်းများကို ပိုမိုရောင်းချနိုင်ခဲ့သည်။

တရုတ်နှင့် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်မှာ တိုက်ကြီးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ် ကြောင်း ကျွမ်းကျင်သူက မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် အာဖရိကသည် ထုတ်လုပ်မှုလိုင်းမှ ကျန်ရစ်ခဲ့ပြီး တရုတ်နှင့် အနောက်နိုင်ငံများကြား နည်းပညာဆိုင်ရာ ပထဝီဝင်နိုင်ငံရေး တိုက်ပွဲတစ်ခုအဖြစ်ထွက်ပေါ်လာခဲ့သည်။

တိုက်ကြီးရှိ နည်းပညာများတွင် တရုတ်ဟာ့ဒ်ဝဲများ ပါရှိသော်လည်း အနောက်တိုင်းဆော့ဖ်ဝဲလ်များ ထည့်သွင်း ထားသည်။

ထို့ပြင် တရုတ်လူသုံးကုန်များသည် ဈေးပေါပြီး အရည်အသွေးညံ့သည်ဟု အစဉ်အလာ အဆိုးမြင်ယူဆချက် ကြောင့် အာဖရိကစားသုံးသူများကြားတွင် အစဉ်အလာမကောင်းခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly