အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်က အပိုင်စီး၍ ပံ့ပိုးကူညီရန် ကြိုးပမ်းနေကြောင်း တရုတ်အစိုးရက စွပ်စွဲ

By Business-standard
15 June 2022
အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်က အပိုင်စီး၍ ပံ့ပိုးကူညီရန် ကြိုးပမ်းနေကြောင်း တရုတ်အစိုးရက စွပ်စွဲ

တရုတ်ကာကွယ်ရေးဝန်ကြီးက တရုတ်အား ဆန့်ကျင်ရန် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများ၏ ပံ့ပိုးကူညီမှုကို အပိုင်စီးရန် ကြိုးပမ်းနေသည်ဟု အမေရိကန်ကို ဇွန် ၁၁ရက်တွင် စွပ်စွဲခဲ့ပြီး အမေရိကန်သည် ဗဟု ဝါဒကို ခုတုံးလုပ်ပြီး ယင်း၏ အကျိုးစီးပွားကို မြှင့်တင်ရန် ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သည်။

တရုတ်က ဒေသတွင်းတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နေသော ထိုင်ဝမ်ကျွန်းကို မတည်မငြိမ်ဖြစ်စေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၏  စွပ်စွဲချက်ကို တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖန်ဟော်က ပြစ်တင်ဝေဖန်ကာ ပယ်ချခဲ့သည်။

အော်စတင်က အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းသည် တရုတ်အားချောင်ပိတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဝေက တုန့်ပြန်ပြောကြားခဲ့သည်။

ဗဟုဝါဒအမည်ခံပြီး အခြားနိုင်ငံများတွင် မိမိတို့၏ ဆန္ဒကို ပြဌာန်းခြင်း၊ အနိုင်ကျင့်ခြင်းများ မလုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းမဟာဗျူဟာသည် ဒေသတွင်းနိုင်ငံများ၏ ပံ့ပိုးကူညီမှုကို အပိုင်စီးရန် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအမည်ဖြင့် သီးသန့်အုပ်စုငယ်တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းမှုဖြစ်ပြီး အခြားနိုင်ငံများကို ဝိုင်းဝန်းထိန်းချုပ်ရန်နှင့် နိုင်ငံတစ်ခုကို ဦးတည်ပြီး ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖန်တီးမည့် မဟာ ဗျူဟာတစ်ခုဖြစ်ကြောင်း ၎င်းက စွပ်စွဲလိုက်သည်။

တရုတ်က စစ်တပ်ကို လျင်မြန်စွာ ခေတ်မီအောင်လုပ်ဆောင်နေပြီး ဒေသတွင်း၌ ယင်း၏ သြဇာနှင့် ရည်မှန်း ချက်များကို ချဲ့ထွင်ရန် ကြိုးပမ်းနေကာ မကြာသေးမီက ဆော်လမွန်ကျွန်းစုနှင့် လုံခြုံရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းက ပစိဖိတ်ဒေသတွင် တရုတ်ရေတပ်အခြေစိုက် စခန်းတစ်ခုတည်ဆောက် မည်ကို စိုးရိမ်နေခြင်းနှင့် မကြာသေးမီက ထိုင်းပင်လယ်ကွေ့တွင် တရုတ်က ခြေကုပ်ယူနိုင်သည့် ကမ္ဘောဒီးယား ရှိ ရေတပ်ဆိပ်ကမ်း တိုးချဲ့ရေးစီမံကိန်းကို ဆောင်ရွက်နေသည်။

ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ပိုမိုခက်ခဲသည့် အသံထက်မြန်သောဒုံးကျည်ကို တရုတ်က စမ်းသပ် နေသည်ဟု အမေရိကန်တာဝန်ရှိသူများက ၂၀၂၁ခုနှစ်တွင် စွပ်စွဲခဲ့သော်လည်း တရုတ်က ယင်းသည် အာကာသယာဉ်အတွက် ပုံမှန်စမ်းသပ်မှုဖြစ်သည်ဟု ငြင်းဆိုကာ မိမိတို့ စစ်တပ်ကို တိုးတက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly