မန်ချက်စတာစီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီကို နည်းပြအဖြစ် ဘန်လေ ခန့်အပ်

မန်ချက်စတာစီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီကို နည်းပြအဖြစ် ဘန်လေ ခန့်အပ်

ဘန်လေအသင်းဟာ မန်ချက်စတာစီးတီးအသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့်ကွန်ပနီကို သူတို့ရဲ့ နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။

အသက် ၃၆ နှစ်ရှိ ဘယ်လ်ဂျီယံသားဟာ အန်ဒါလက်ခ်ျအသင်းမှာ နှစ်နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး တတိယနေရာကို ပို့ဆောင်ခဲ့ကာ မေလက အပြန်အလှန် နှစ်ဦးနှစ်ဘက် သဘောတူ လမ်းခွဲခဲ့တာဖြစ်ပါတယ်

ဘန်လေဟာ ဧပြီလက ရှောင်ဒိုက်ကို ထုတ်ပယ်ခဲ့ပြီး ပရီးမီးယားလိဂ်မှ တန်းဆင်းမရအောင် တားဆီးနိုင်စွမ်း မရှိခဲ့တဲ့ ယာယီနည်းပြ မိုက်ဂျက်ဆင်ဖြင့် အစားထိုးခဲ့ပါတယ်။

"ရှေ့ဆက်စိန်ခေါ်မှုအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်"လို့  ကွန်ပနီက သူ့ကို ခန့်အပ်အပြီး ပြောပါတယ်။

“ဘန်လေ ဘောလုံးအသင်းဟာ တကယ့်ကို သမိုင်းဝင်အင်္ဂလိပ်အသင်းဖြစ်ပြီး ပထမအသင်းနည်းပြအဖြစ် ခန့်အပ်ခံရတာ ဂုဏ်ယူမိပါတယ်။

“ကျွန်တော့် ဟန်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကလပ်အတွက် ဘုတ်အဖွဲ့ရဲ့ မျှော်မှန်းချက်ကြောင့် ကျွန်တော် သဘောကျခဲ့ပြီး အရေးကြီးတဲ့ရာသီကို ရောက်တာနဲ့ ကျွန်တော့်ရဲ့အခန်းကဏ္ဍကို ပါဝင်ကိုင်တွယ်သွားဖို့ မျှော်လင့်နေပါတယ်။”

ဘယ်လ်ဂျီယံလက်ရွေးစင်ဟောင်း ကွန်ပနီဟာ မန်စီးတီးမှာ ၁၁ နှစ်ကြာ ကစားခဲပြီး ပရီးမီးယားလိဂ်ဖလား လေးကြိမ်အပါအဝင် အဓိကဆုဖလား ၁၀ လုံးကို ဆွတ်ခူးခဲ့ပါတယ်။

ဘန်လေရဲ့ ဘဏ္ဍာရေးပြဿနာများကြား သူ့ရဲ့ ခန့်အပ်မှုဖြစ်လာခြင်းဖြစ်ပါတယ်။ ဘန်လေဟာ အမေရိကန်ငွေကြေးကုမ္ပဏီ MSD Holdings ကနေ ပေါင် ၆၅ သန်း ချေးငွေရရှိထားပြီး ထိပ်တန်းလိဂ်ကနေ ဆင်းသွားပြီးနောက် အခုအခါ အဲဒီပမာဏဟ ပြန်လည်ပေးဆပ်ရမည့် သိသိသာသာ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly