ပါကစ္စတန်၏ ကုန်သွယ်ရေးလိုငွေပြမှု စံချိန်တင် မြင့်တက်

ပါကစ္စတန်၏ ကုန်သွယ်ရေးလိုငွေပြမှု စံချိန်တင် မြင့်တက်

ပါကစ္စတန်နိုင်ငံတွင် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၏ ပထမ ၁၁ လတာကာလအတွင်း နိုင်ငံ၏ ကုန်စည် ကုန်သွယ်မှု လိုငွေပြမှုသည် တစ်နှစ်ထက်တစ်နှစ် ၅၇ ဒသမ ၈၅ ရာခိုင်နှုန်းအထိ ကြီးထွားခဲ့ပြီး စံချိန်တင် ဒေါ်လာ ၄၃ ဒသမ ၃၃ ဘီလီယံကို ရောက်ရှိလာကြောင်း ပါကစ္စတန် စာရင်းအင်းဗျူရို၏ ဇွန်လ ၂ ရက် ဒေတာအချက်အလက်များက ပြသနေသည်။

ယင်းကဲ့သို့ ကုန်သွယ်လိုငွေပြမှု စံချိန်တင်မြင့်တက်ခြင်းက နိုင်ငံတွင် သွင်းကုန်တင်သွင်းမှုပိုင်း မျှော်မှန်းထား သည်ထက် ပိုမို မြင့်မားခဲ့သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနှင့် ဆက်စပ်သည့် သွင်းကုန်များ အများစု တင်သွင်းခဲ့ပြီး PML-N အစိုးရ တာဝန်ယူမှု အဆုံးသတ်ခဲ့သည့် ပြီးခဲ့သည့်  ၂၀၁၈ ခုနှစ် တစ်နှစ်တာလုံး၏ အမြင့်ဆုံး ကုန်သွယ်လိုငွေပြမှု ပမာဏဖြစ်သော ဒေါ်လာ ၃၇ ဘီလီယံကို ယခု ၁၁ လတာကာလ၏ ကုန်သွယ်လိုငွေပြမှုပမာဏက ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။

ယခုနှစ်၏ ကုန်သွယ်လိုငွေပြမှုကို နိုင်ငံတကာ ဈေးကွက်၌ ရေနံဈေးနှုန်းများ အမြင့်ဆုံး မြင့်တက်မှုက အဓိက တွန်းပို့နေသည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်မှုကြောင့် သွင်းကုန်တင်သွင်းမှုပိုင်းတွင် မကြုံစဖူး မြင့်တက်နေသည့်အတွက် ပါကစ္စတန်၏ ကုန်သွယ်လိုငွေပြမှုက ဆက်လက် မြင့်တက်ရန် ရှိနေသည်။

ထို့ပြင် ပို့ကုန်တင်ပို့မှုက တန်ဖိုးအားဖြင့် တစ်လလျှင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကနေ ၂ ဒသမ ၈ ဘီလီယံ ဝန်းကျင်ခန့်ဖြင့် တိုးတက်မှု မရှိဘဲ ဖြစ်နေပြီး အများအားဖြင့် တစ်စိတ်တစ်ပိုင်း ကုန်ချော ထုတ်ကုန်များနှင့် ကုန်ကြမ်းပစ္စည်းများ တင်ပို့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly