ဆော်ဒီအာရေဗျက တရုတ်သို့ ရေနံစိမ်းတင်ပို့မှု လျှော့ချ

ဆော်ဒီအာရေဗျက တရုတ်သို့ ရေနံစိမ်းတင်ပို့မှု လျှော့ချ

ရေနံတင်ပို့ရောင်းချသောနိုင်ငံများအသင်းအဖွဲ့က ထုတ်လုပ်မှုမြှင့်တင်ရန် ကတိကဝတ်ပြုပြီးနောက် ဆော်ဒီအာရေဗျသည် အာရှရှိ တခြားဖောက်သည်များ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးသော်လည်း တရုတ်ဝယ်လက်များအတွက် လာမည့်လတွင် ၎င်းတို့တောင်းဆိုထားသည့်ပမာဏထက် လျှော့၍ ရေနံစိမ်းများ တင်ပို့မည်ဖြစ်သည်။

ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် အိန္ဒိယတို့သည် ၎င်းတို့လိုအပ်သည့် ရေနံပမာဏကို ရရှိမည်ဖြစ်ကာ အချို့မှာ ပို၍ပင် ရရှိကြကြောင်း ရေနံချက်စက်ရုံမှ အရာရှိများက ပြောသည်။ Saudi Aramco ရေနံကုမ္ပဏီသည် ရေနံပမာဏလျှော့ရောင်းရသည့် အကြောင်းရင်းကို ဝယ်သူများအား ပြောပြလေ့မရှိပေ။

အာရှဝယ်လက်အများအပြားက ရုရှားမဟုတ်သော ရေနံကုမ္ပဏီများကို ရှာဖွေနေကြချိန်မှာ ယခုသီတင်းပတ်၌ ပြုလုပ်ခဲ့သော အမည်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း ရေနံပိုမိုပေးပို့ရန် Aramco ကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက် တရုတ်နှင့်အိန္ဒိယတို့သည် ရုရှားရေနံစိမ်းများကို ဆက်လက်ဝယ်ယူလျက်ရှိပြီး အရှေ့ဖျားရှိ အခရာဖြစ်သော Urals နှင့် ESPO ကုမ္ပဏီများမှ လျှော့ဈေးများဖြင့် ဆက်ပြီး တင်သွင်းလျက်ရှိသည်။

ဆော်ဒီရေနံစိမ်းများသည် သန့်စင်အားကောင်းသောကြောင့် အာရှနိုင်ငံအများအပြားက ဇူလိုင်လတွင် အဝယ်လိုက်လာခြင်းဖြစ်သည်။

ဥရောပရေနံချက်စက်ရုံ ၃ ရုံထက်မနည်းသည် Aramco မှ ဇူလိုင်လတင်ပို့မှုအတွက် အမှာစာ အပြည့်ရရှိထားကြောင်း အခြေအနေနှင့်နီးစပ်သည့် ရေနံချက်စက်ရုံ တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly