ပါကစ္စတန်၌ အပူလှိုင်းများ ကျရောက်မှုကြောင့် ရေရှားပါးမှုက ပိုမို ဆိုးဝါးလာ

ပါကစ္စတန်၌ အပူလှိုင်းများ ကျရောက်မှုကြောင့် ရေရှားပါးမှုက ပိုမို ဆိုးဝါးလာ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်နှင့် အခြားအရပ်ဒေသများရှိ ဒေသခံများသည် အပူချိန် ၅၀ ဒီဂရီ ဆဲလ်စီယပ်နှင့်အတူ အလွန်ပူပြင်းလှသော ရာသီဥတု အခြေအနေများအောက်တွင် နေထိုင်ရလျက် ရှိသည်။ ထို့ပြင် ရေ ရှားပါးမှု အကျပ်အတည်းက အခြေအနေကို ပို၍ ဆိုးစေလျက်ရှိပြီး သီးနှံများအတွက် ရေနှင့် သန့်ရှင်းသော သောက်သုံးရေတို့က လျော့နည်းနေသည်။

နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်မှ တောင်သူတစ်ဦးဖြစ်သည့် ခါလစ် ဘက်ဇ်သည် ၎င်း၏ ကြံနှင့် ဝါ စိုက်ခင်းများ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်လျက် ရှိပြီး ၎င်း၏ အပင်များ၏ ၃ပုံ ၁ပုံသည် တူးမြောင်းများမှ ရေ မရရှိမှုကြောင့် ညှိုးနွမ်းလာနေကြောင်း ဆင်ဟွာသတင်းဌာနအတွက် ရေးသားနေသည့် စာရေးသူ မစ်ဘာ ဆာဘာ မာလစ်က ထုတ်ဖော်ရေးသားသည်။

“မနှစ်တုန်းက ရေပြဿနာတွေကြောင့် မျှော်မှန်းထားခဲ့တဲ့ သီးထွက်နှုန်းပမာဏကို မရနိုင်ခဲ့ပါဘူး။

ဒါပေမယ့် ခုချိန်မှာ တကယ့် အကျပ်အတည်းအစစ်နဲ့ ကြုံနေရတယ်။ တူးမြောင်းတွေဟာလည်း ခန်းခြောက်လာတယ်။ ကျွန်တော်တို့ဟာ သီးနှံတွေကို ရေပေးဖို့ အခြားဘာရင်းမြစ်မှလည်း မရှိပါဘူး” ဟု ခါလစ် ဘက်ဇ်က ပြောသည်။

ယခုအခြေအနေအတိုင်း ဆက်သွားပါက ဒေသခံတောင်သူများအနေဖြင့် စီးပွားရေး ဝန်ထုပ်ဝန်ပိုးများဖြင့် သေချာပေါက် ဖိစီးခံရပြီး ထိခိုက်ကြလိမ့်မည်ဟု ၎င်းက ပြောသည်။

ရေရှားပါးမှုက ပြည်နယ်ရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်အားလုံးနီးပါးအပေါ် သက်ရောက်ထိခိုက်လျက် ရှိသလို လာမည့်ရက်များတွင် အခြေအနေ ပိုဆိုးမည်ကို စိုးရိမ်နေရကြောင်း ဆင်းဒ်ပြည်နယ်ဝန်ကြီးချုပ်၏ စိုက်ပျိုးရေးဆိုင်ရာ အကြံပေး မန်ဇာ ဝါဆန်က ဆင်ဟွာနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly