ပါကစ္စတန်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ၆ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် အတည်ပြု

ပါကစ္စတန်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ၆ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲရန် အတည်ပြု

ပါကစ္စတန်အစိုးရသည် နိုင်ငံ၏ စစ်တပ်၏ အရေးတကြီး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကာကွယ်ရေး အသုံးစရိတ်ပိုင်းတွင် လက်ရှိ ဘဏ္ဍာနှစ် အသုံးစရိတ်ပမာဏထက် ၆ ရာခိုင်နှုန်းနီးပါး တိုးမြှင့်ပြီး လာမည့် ဘဏ္ဍာနှစ်အတွက် ရူပီး ၁ ဒသမ ၄၅ ထရီလီယံအထိ ခွဲဝေချပေးရန် ရှိနေသည်။

ယင်းကဲ့သို့ ကာကွယ်ရေး အသုံးစရိတ်ဘတ်ဂျက် တိုးမြှင့်သည့် ဆုံးဖြတ်ချက်ကို ပါကစ္စတန်၏ စီးပွားရေး ချိတ်ဆက်ညှိနှိုင်းမှု ကော်မတီ (ECC) က ချမှတ်ခဲ့ခြင်း ဖြစ်ပြီး တိုးမြှင့်လစာလိုအပ်ချက်များနှင့် အခြားသော အရေးပါသည့် လိုအပ်ချက်များကို ဖြည့်ဆည်းရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း The Express Tribune သတင်းစာက ဖော်ပြသည်။

ကာကွယ်ရေးဘတ်ဂျက်ကို နောက်ထပ် ရူပီး ၈၀ ဘီလီယံ တိုးမြှင့်မည့် ဆုံးဖြတ်ချက်အပြင် နောက်ဆက်တွဲ အပိုဆောင်းအသုံးစရိတ်ခွင့်ပြုငွေရူပီး ၁၈၂ ဘီလီယံကို စုစုပေါင်း ခွင့်ပြုပေးခဲ့သည်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးဌာနသည် “အရေးကြီးသော လိုအပ်ချက်များ” အတွက် ထပ်တိုး ဘတ်ဂျက်အသုံးစရိတ် ရူပီး ၈၀ ဘီလီယံ တောင်းခံထားကြောင်း The Express Tribune သတင်းစာက ဖော်ပြသည်။

ထို့ပြင် ဂျင်နာ ရေတပ်စခန်း၊ တာဘတ် ရေတပ်ခန်းနှင့် ဌာနချုပ်ရှိ ဘက်စုံသုံး ရုံးအဆောက်အအုံတို့အတွက် သုံးစွဲရန် ထပ်တိုးတောင်းခံမှုများ ပြုလုပ်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်က ECC အစည်းအဝေးကို ကြီးကြပ်ခဲ့ပြီး ပါကစ္စတန်စစ်တပ်အတွက် နောက်ဆက်တွဲ အပိုဆောင်းဘတ်ဂျက် ရူပီး ၈၀ ဘီလီယံကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly