ယူကရိန်းကို လက်နက်များ ပေးအပ်ခြင်းမပြုရန် တရုတ်သံတမန် သတိပေး

By ANI/Xinhua
11 June 2022
ယူကရိန်းကို လက်နက်များ ပေးအပ်ခြင်းမပြုရန် တရုတ်သံတမန် သတိပေး

ယူကရိန်းအား လက်နက်များ အဆက်မပြတ် ပေးပို့နေခြင်း သို့မဟုတ် ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်း မပြုရန် တရုတ်သံတမန်က ဇွန် ၇ရက်တွင် သတိပေးလိုက်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ထူထောင်နိုင်မှသာလျှင် အမျိုးသမီးများနှင့် ကလေးများအတွက် ပဋိပက္ခများကို အခြေခံကျကျ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် ဒိုင်ဘင်းက ပြောကြားသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မြှင့်တင်ဖို့၊ ရုရှားနဲ့ ယူကရိန်းကို တွေ့ဆုံ ညှိနှိုင်းရေး လမ်းကြောင်းကို ပြန်လာဖို့ တွန်းအားပေးသင့်ပါတယ်” ဟု ယူကရိန်းပဋိပက္ခအတွင်း လိင်အကြမ်း ဖက်မှုနှင့် လူကုန်ကူးမှုဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။

လက်နက်များ အဆက်မပြတ် ပံ့ပိုးပေးခြင်း သို့မဟုတ် ပိတ်ဆို့မှုများနှင့် ဖိအားများ ချမှတ်ခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပဋိပက္ခကို ဆက်လက်တည်ရှိအောင် ချဲ့ထွင်ခြင်းသာ ဖြစ်လိမ့်မည် ဟု ၎င်းက သတိပေးခဲ့ သည်။

ပထဝီဝင်နိုင်ငံရေးနှင့် အစုအဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများအတွက် ယူကရိန်းနှင့် တခြားဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများက မခံစားသင့်ပေ။

စစ်ဘက်အစုအဖွဲ့များ အားကောင်းလာစေရန်နှင့် ထောက်ပံ့ရေးနှင့် စက်မှုလုပ်ငန်းကွင်းဆက်များကို ဖြတ်တောက်ခြင်းဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းလုံခြုံရေးကို အာမခံချက်မပေးနိုင်ကြောင်း ဒိုင်က ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားပြီးကတည်းက ယူကရိန်းနိုင်ငံသား ၆ ဒသမ ၈ သန်းသည် အိမ်နီးချင်းနိုင်ငံများသို့ခိုလှုံရန် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly