ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ပြီ - ဘယ်သူတွေ ဒီနွေရာသီမှာ အပြောင်းအရွှေ့ဖြစ်နိုင်မလဲ

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ပြီ - ဘယ်သူတွေ ဒီနွေရာသီမှာ အပြောင်းအရွှေ့ဖြစ်နိုင်မလဲ

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ကို သောကြာနေ့မှာ ဖွင့်လှစ်ခဲ့ပြီး ကလပ်အသင်းတွေဟာ နွေရာသီခေါ်ယူမှုတွေကို တရားဝင်စာရင်းသွင်းနိုင်ပြီဖြစ်ပါတယ်။

ထိပ်သီးအသင်းအများအပြားဟာ  ဒီနွေမှာ ရောက်ရှိလာမယ့် ကစားသမားတွေကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။ အဲဒီကစားသမားအများစုကတော့ သူတို့ရဲ့ ကလပ်ဟောင်းတွေမှာ စာချုပ်သက်တမ်းကုန်ဆုံးသူတွေဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလဟာ စက်တင်ဘာ ၁ ရက် ကြာသပတေးနေ့ ဗြိတိန်စံတော်ချိန် ည ၁၁ နာရီ (မြန်မာစံတော်ချိန် မနက် ၁၁ နာရီ) မှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။

စကော့တလန်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ ပရီးမီးယားလိဂ်လိုပဲ သောကြာနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးလိဂ်ကလပ်အသင်းတွေကို ရာသီနောက်ဆုံးပွဲစဉ်ကတည်းက ကစားသမားတွေ ခေါ်ယူခွင့်ပြုထားပါတယ်။

  • သင့်ရဲ့ ပရီမီးယားလိဂ်ကလပ်က ဘယ်သူ့ကို ခေါ်ယူသင့်ပါသလဲ။

ဘာတွေ ဖြစ်ပျက်နေပြီးပြီလဲ။

ဈေးကွက်မဖွင့်မီ အက်စတွန်ဗီလာဟာ အပြောင်းအရွှေ့ကိစ္စများစွာ အပြီးသတ်နိုင်ခဲ့ပါတယ်။ မာဆေးကွင်းလယ်လူ ကာမာရာ (free)၊ ဘာစီလိုနာတိုက်စစ်မှူး ကော်တင်ဟို (ပေါင် ၁၇ သန်း)၊ ဆီဗီးလာ နောက်ခံလူ ဒီယေဂို ကားလို့စ် (ပေါင် ၂၆ သန်း) နှင့် ရိုးမားဂိုးသမား ရော်ဘင် အိုလ်ဆင် (ပေါင် ၃ သန်း)တို့ပဲဖြစ်ပါတယ်။

ဗီလာနောက်ခံလူ  မတ်သီကတ်ရှ်ဟာ အောင်အောင်မြင်မြင်နဲ့ အငှားချခံရပြီးနောက် နယူးကာဆယ်ဆီ ပေါင် ၁၅ သန်းဖြင့် ရောက်ရှိလာခဲ့ပါတယ်။

လိဒ်အသင်းဟာ ရက်ဘူးဆဲလ်ဘတ် အတွဲဖြစ်တဲ့ အာရွန်ဆန်နှင့် Rasmus Kristensen တို့ကို ခေါ်ယူထားပြီး လီဗာပူးလ်ဟာ ဖူလ်ဟမ်လူငယ်ကစားသမား ဖာဘီယို ကာဗယ်လ်ဟိုကို ပေါင် ၅ သန်းဖြင့် ခေါ်ယူထားပါတယ်။

ခရိုအေးရှားတောင်ပံကစားသမား အီဗန်ပါရာဆစ်နှင့် အင်္ဂလန်ဂိုးသမား ဖော်စတာတို့ဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် တော့တင်ဟမ်ဟော့စပါးဆီ ပြောင်းရွှေ့မှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဒေါ့မွန်အသင်းမှ နော်ဝေးတိုက်စစ်မှူး ဟာလန်းကို ပေါင် ၅၁.၂သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ပေမယ့်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သတ်မှတ်ချက်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ရီးယဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နေပြီး အလက်ဇန်းဒရေ လာကာဇက်ဟာ လိုင်ယွန်ဆီ အာဆင်နယ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ ကစားသမားနှစ်ဦးစလုံးဟာ အလွတ် အေးဂျင့်အနေနဲ့ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ဘာဖြစ်နိုင်မလဲ။

ဒီနွေရာသီရဲ့ ကြီးမားတဲ့ အပြောင်းအရွှေ့ပုံပြင်တစ်ပုဒ်က လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေး ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။ ဆီနီဂေါကြယ်ပွင့်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ အပြင်းအထန် ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့် ရောဘတ်လီဝန်ဒေါစကီးဟာ ဘာစီလိုနာက စိတ်ဝင်စားနေမှုနဲ့အတူ အသင်းက ထွက်ခွာလိုကြောင်း ပြောကြားထားတာကြောင့် ဂျာမန်ကလပ်အနေနဲ့ တိုက်စစ်မှူးသစ်တစ်ဦး လိုအပ်နေနိုင်ပါတယ်။

ပေါလ်ပေါ့ဂ်ဘာနှင့် ဂျက်ဆီလင်ဂတ်တို့ဟာ အလွတ်အေးဂျင့်အဖြစ် မန်ယူအသင်းကနေ ထွက်ခွာပြီးနောက် အပြောင်းအရွှေ့မှာ ပါဝင်မှာလည်းဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း ဂါရတ်ဘေးလ်ကိုလည်း ခေါ်ခွင့်ရရှိနိုင်ပြီဖြစ်ပါတယ်။

ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီဟာ သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့ချိန် အသင်းပြောင်းမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်နဲ့ နယူးကာဆယ်ယူနိုက်တက်တို့ဟာ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နယူနက်ဇ်ကို ချိတ်ဆက်နေပါတယ်။ လိုက်ပ်ဇစ်တိုက်စစ်မှူး ခရစ္စတိုဖာ အန်ခွန်ကူကို ဥရောပထိပ်တန်းအသင်းများစွာကလည်း စိတ်ဝင်စားနေပါတယ်။

ဘန်လေနောက်ခံလူ ဂျိမ်းစ် တာကော့ဗ်စကီးဟာ အဲဗာတန်နဲ့ ဆွေးနွေးနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်ဟာ သူ့ရဲအသင်းကို ပြန်လည် ပုံသွင်းလိုနေပါတယ်။

Source: BBC football

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly