အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့အကြား နျူကလီးယားပစ္စည်းများ လွှဲပြောင်းမှုအပေါ် တရုတ် စိုးရိမ်

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့အကြား နျူကလီးယားပစ္စည်းများ လွှဲပြောင်းမှုအပေါ် တရုတ် စိုးရိမ်

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေးဆိုင်ရာ ၃ နိုင်ငံ သဘောတူစာချုပ်အဖွဲ့ AUKUS ၏ နျူကလီးယားလက်နက်ပစ္စည်းများ လွှဲပြောင်းမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းနှင့် ယင်းကိစ္စအား နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးသဘောတူညီချက်များအရ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ဇွန် ၆ ရက်တွင် ထပ်မံပြောကြားလိုက်သည်။

ဗီယင်နာမြို့ရှိ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၏ တရုတ်သံတမန် ဝမ်ချန်က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဘုတ်အဖွဲ့ အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်၏ အဆိုပြုချက်တွင် AUKUS ဆိုင်ရာ နျူကလီယားပစ္စည်းများ လွှဲပြောင်းခြင်းနှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးသဘောတူစာချုပ် (NPT ) ဆိုင်ရာ မူဘောင်အောက်၌ ကဏ္ဍပေါင်းစုံ ကာကွယ်ရေးဆိုင်ရာ တရားဝင်အစီအစဉ်တစ်ရပ်ကို ချမှတ်ရန် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်ဟု ဝမ်က ပြောသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် AUKUS ကို တည်ထောင်ကြောင်း အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့က ကြေညာခဲ့ပြီး ယင်းအောက်တွင် အမေရိကန်နှင့် ဗြိတိန်တို့သည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဝယ်ယူရာတွင် သြစတြေးလျကို အကူအညီပေးမည်ဖြစ်သည်။

ဝမ်က နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုမှုကို လိုက်နာရန်၊ နျူကလီးယားမပြန့်ပွားရေးဆိုင်ရာ တရားဝင်ဝတ္တရားများကို ဖြည့်ဆည်းရန်နှင့် AUKUS စာချုပ်အရ နျူကလီးယားလက်နက်ပစ္စည်းများ လွှဲပြောင်းခြင်းနှင့်ပတ်သက်သည့် သက်ဆိုင်သည့် အချက်အလက်အားလုံးကို IAEA သို့ အပြည့်အစုံ သတင်းပို့ရန် တောင်းဆိုခဲ့သည်။

IAEA ဘုတ်အဖွဲ့အစည်းအဝေးအနေဖြင့် AUKUS ၏ အဓိကပြဿနာများကို ဆက်လက်အလေးထားပြီး NPT နှင့် နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးဆိုင်ရာသဘောတူညီချက်များကို ကာကွယ်စောင့်ရှောက်ရန် ဖြေရှင်းချက်များကို ဆက်လက်ရှာဖွေလိမ့်မည်ဟု  မျှော်လင့်ကြောင်း ဝမ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required