ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ဒေသခံ PDF ဝင်စီး ၊ လက်နက်အများအပြား သိမ်းဆည်းရမိ

ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ဒေသခံ PDF ဝင်စီး ၊ လက်နက်အများအပြား သိမ်းဆည်းရမိ

ဇွန်လ ၉ ရက်

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ် ရေစကြိုမြိုနယ်အတွင်းရှိ ဆင်ဖြူရှင်တံတားစစ်ဆေးရေးဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ လက်နက် ရှစ်လက်၊ ဗုံးသီးတစ်လုံး၊ ကျည် ၁,၀၀၀ ၊ ဆိုင်ကယ်လေးစီးနှင့် ကျပ်သိန်း ၁၁၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ သူတို့အိပ်ဆောင် ခြောက်ဆောင်နဲ့ ဘန်ကာလေးခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ ရေစကြို ဘက်ကတပ်ကူလာတဲ့ကားတစ်စီးကိုလည်း လမ်းကနေ မိုင်းခွဲတားဆီးနိုင်ခဲ့တယ်။ မိုင်းခွဲတဲ့ကားတော့ အသေအပျောက်ရှိနိုင်ပေမဲ့ အတိအကျမသိရခဲ့ဘူး။ ချက်ချင်းတန်းဆုတ်လာခဲ့တာပါ” ဟု ပြည်သူ့ ကာကွယ်ရေးတပ်(ရေစကြိုမြို့နယ်)မှ ရဲဘော်ဝေကြီးကမဇ္စျိမသတင်းဌာနကိုပြောသည်။

G-3 လေးလက်၊ အူဇီ သုံးလက်၊ ခြောက်လုံးပြူး တစ်လက်၊  ကျည် ၁၀၀၀၊ ဆိုင်ကယ်လေးစီး၊ ငွေသား သိန်း ၁၁၀နှင့် ဗုံးသီးတစ်လုံး သိမ်းဆည်းရမိပြီး ဂိတ်စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အင်အား ၂၅ ဝန်းကျင်ခန့်ရှိသည့်စခန်းကို တိုက်ခိုက်ခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိရခဲ့ကြောင်း သိရသည်။

“စခန်းသိမ်းပုံစံနဲ့ဝင်စီးတာပါ။ စစ်ခွေး(စစ်သား)တွေမရှိဘူး။ ရဲတွေပဲရှိတာပါ။ တစ်ယောက်ဖမ်းမိပါတယ်။ အချုပ်ချထားပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ် Salingyi Special Task Force မှ ကိုဖိုးဇေကပြော သည်။

ဆင်ဖြူရှင်တံတားစစ်ဆေးရေးဂိတ်ကို ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီမှာ ၁ နာရီအထိ ဒေသကာကွယ် ရေးတပ်များဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်(ရေစကြို)၊ Salingyi Special Task Force နှင့် ပြည်သူ့ ကာကွယ်ရေးတပ်(မြိုင်)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်(ရေစကြို)မှ ရဲဘော်ဝေကြီးက “ တိုက်ပွဲက တော်တော်မြိုင်ခဲ့ပါတယ်။ အဓိက ကတော့ ကိုယ့်ဘက်ကအထိအခိုက်မရှိခဲ့တဲ့အတွက် ကျေနပ်ဝမ်းသာရပါတယ်။ ခွေးတွေကျပြီး ပစ္စည်း တွေရခဲ့တာကတော့ အမြတ်ပေါ့ဗျာ။ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ကို ဆက်လက်အားပေး ထောက်ပံ့ပေးကြဖို့ကိုလည်း တောင်းဆိုချင်ပါတယ် “ ဟု ထပ်မံပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required