တရုတ်ကွန်မြူနစ်ပါတီအရာရှိဟောင်းတစ်ဦး လာဘ်ပေးလာဘ်ယူမှုနှင့်အတွင်းသတင်းပေးမှုတို့ကြောင့် သေဒဏ်ချမှတ်ခံရ

တရုတ်ကွန်မြူနစ်ပါတီအရာရှိဟောင်းတစ်ဦး လာဘ်ပေးလာဘ်ယူမှုနှင့်အတွင်းသတင်းပေးမှုတို့ကြောင့် သေဒဏ်ချမှတ်ခံရ

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်မှ ကွန်မြူနစ်ပါတီအရာရှိဟောင်း တောင်ဒေါင်ချီကို လာဘ်ပေးလာဘ်ယူမှုနှင့် အတွင်းလျှို့ဝှက်သတင်းပေးမှုများအတွက် တရုတ်တရားရုံးက မကြာသေးမီက ၂ နှစ်ဆိုင်းငံ့ဖြင့် သေဒဏ်ချမှတ်လိုက်သည်။

ဂွမ်ဒေါင်းပြည်နယ် ရှန်ကျန်းပြည်သူ့တရားရုံးက ဇွန် ၂ ရက်တွင် အကြီးတန်းအရာရှိဟောင်း၏ နိုင်ငံရေးလုပ်ပိုင်ခွင့်များကို ပိတ်ပင်လိုက်ပြီး ကိုယ်ပိုင်ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့သည်။ 

ရာဇဝတ်မှုများမှတစ်ဆင့် ရရှိသောတရားမဝင် အမြတ်အစွန်းများအပြင် ၎င်းတို့ထံမှရရှိသော အကျိုးအမြတ် များကို သိမ်းဆည်းပြီး နိုင်ငံတော်ဘဏ္ဍာတိုက်သို့ လွှဲပြောင်းပေးသင့်ကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

'တောင်ဒေါင်ချီရဲ့ လာဘ်ပေးလာဘ်ယူမှု ပမာဏဟာ အလွန် ကြီးမားပါတယ်။ သူ့ရဲ့ ရာဇဝတ်မှု အခြေအနေတွေက စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး နိုင်ငံတော်နဲ့ ပြည်သူတွေကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပါတယ်' ဟု တရားရုံးက ပြောသည်။

သို့သော် ၎င်းသည် စုံစမ်းစစ်ဆေးမှုအတွင်း ပြစ်မှုများကို သစ္စာရှိစွာ ဝန်ခံခဲ့ပြီး နောင်တရကြောင်း ပြသခဲ့သလို ၎င်း၏ တရားမဝင် အမြန်အစွန်းများအားလုံးကို ပြန်ပေးရာတွင် ပူးပေါင်းပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်သက်ညှာပေးလိုက်သည်ဟု ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။

ဒေါင်ချီသည် တရုတ်ကွန်မြူနစ်ပါတီ ဟိုင်နန်ပြည်နယ်ကော်မတီ၏ အမြဲတမ်းကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ပြည်နယ်၏ ဆန်ယာမြို့တော်ပါတီအကြီးအကဲဟောင်းဖြစ်ပြီး တရုတ် လုံခြုံရေးစည်းမျဉ်းဆိုင်ရာကော်မရှင် (CSRC) တွင်လည်း ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည်။

တောင်ဒေါင်ချီသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း CSRC နှင့် ဟိုင်နန်ပြည်နယ်တွင် ၎င်း၏ ရာထူးအသီးသီးကို အခွင့်ကောင်းယူကာ ကုမ္ပဏီများနှင့် လုပ်ငန်းလည်ပတ်မှု စာရင်းများ၊ ငွေကြေးချေးငှားခြင်းနှင့် ရာထူး တိုးပေးခြင်းများနှင့်ပတ်သက်ပြီး တခြားသူများကို အကူအညီပေးခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။ အပြန်အလှန်အားဖြင့် တောင်ဒေါင်ချီသည် ယွမ် ၂၇၄ သန်းကျော် (အမေရိကန်ဒေါ်လာ ၄၁ သန်းခန့်) တန်ဖိုးရှိသော ငွေနှင့် လက်ဆောင်များကို သူကိုယ်တိုင် သို့မဟုတ် သက်ဆိုင်သူများမှတစ်ဆင့် လက်ခံခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly