တောင်တရုတ်ပင်လယ်တွင် တရုတ်တိုက်လေယာဉ်တစ်စင်းက သြစတြေးလျ ထောက်လှမ်းရေး လေယာဉ်ကို ဟန့်တားနှောက်ယှက်

တောင်တရုတ်ပင်လယ်တွင် တရုတ်တိုက်လေယာဉ်တစ်စင်းက သြစတြေးလျ ထောက်လှမ်းရေး လေယာဉ်ကို ဟန့်တားနှောက်ယှက်

တောင်တရုတ်ပင်လယ်ဒေသတွင် တရုတ်တိုက်လေယာဉ်တစ်စင်းက သြစတြေးလျ စစ်ထောက်လှမ်းရေး လေယာဉ်ကို အန္တရာယ်ဖြစ်စေနိုင်လောက်အောင် ကြားဖြတ်ဟန့်တားခဲ့ကြောင်း သြစတြေးလျကာကွယ်ရေး ဌာနက ဇွန် ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

တော်ဝင် သြစတြေးလျ လေတပ်မှ P-8 ပင်လယ်ပြင်ထောက်လှမ်းရေးလေယာဉ်အား ဒေသတွင်း နိုင်ငံတကာ လေပိုင်နက်တွင် 'ပုံမှန်ရေကြောင်းစောင့်ကြည့်ရေးလှုပ်ရှားမှု' အတွင်း တရုတ် J-16 တိုက်လေယာဉ်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“ကြားဖြတ်ဟန့်တားမှုက P-8 လေယာဉ်နဲ့ လေယာဉ်အမှုထမ်းတွေအတွက် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက် နိုင်တဲ့ အန္တရာယ်ရှိတဲ့ အနေအထားကို ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

ဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနီးစ်က သြစတြေးလျအစိုးရသည် တရုတ်အစိုးရအား သက်ဆိုင်ရာ လမ်းကြောင်းများမှတစ်ဆင့် စိုးရိမ်မှုကို အကြောင်းကြားလိုက်သည်ဟု ပရပ်မြို့၌ သတင်းထောက်များအား ပြောကြား ခဲ့သည်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလီးက တရုတ်ဂျက်လေယာဉ်သည် RAAF လေယာဉ်ရှေ့သို့ အလွန် နီးကပ်စွာ ပျံသန်းခဲ့ပြီး သြစတြေးလျ လေယာဉ်၏ အင်ဂျင်ထဲသို့ ဝင်ရောက်သွားစေသည့် အလူမီနီယမ် အငယ်စားအစုအဝေးတစ်ခုကို ထုတ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒါက အရမ်းအန္တရာယ်များတယ်ဆိုတာ သိသာပါတယ်” ဟု မာလီးက ABC ရုပ်မြင်သံကြားကို ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုများနှင့်ပတ်သက်၍ တရုတ်၏ တောင်းဆိုမှုများသည် နိုင်ငံတ ကာဥပဒေနှင့် မကိုက်ညီကြောင်း ဩစတြေးလျက ယခင်က အမေရိကန်နှင့် ပူးပေါင်းကြေညာခဲ့သည်။

ကာကွယ်ရေးဝန်ကြီးက သြစတြေးလျသည် ဒေသတွင်းတွင် ရေကြောင်းစောင့်ကြည့်ခြင်းများကို ဆယ်စုနှစ် များစွာလုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာဥပဒေနှင့်အညီ နိုင်ငံတကာရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်တို့တွင် လွတ်လပ်စွာ သွားလာခွင့်တို့ကို ကျင့်သုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly