နည်းပြလောကသို့ မကြာမီပြန်လာမည်ဟု မော်ရင်ဟိုပြော

နည်းပြလောကသို့ မကြာမီပြန်လာမည်ဟု မော်ရင်ဟိုပြော

ဖေဖော်ဝါရီ ၇၊ လန်ဒန်။             ။ ချယ်လ်ဆီးအသင်းမှထုတ်ခံရပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်သည့် အင်တာဗျူးတွင် မော်ရင်ဟိုက နည်းပြလောကသို့မကြာမီပြန်လာ မည်ဟု ပြောဆိုလိုက်သည်။

ဒီဇင်ဘာတွင် စတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာခဲ့ရပြီးနောက် လူရှေ့သိပ်မထွက်သော မော်ရင်ဟိုသည် စနေနေ့က ဒေါ့မွန်နှင့်ဟာသာဘာလင်တို့ သရေကျခဲ့သော ဘွန်ဒက်စ်လီဂါပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့သည်။

ဂျီကျူနှင့်အင်တာဗျူးတွင် ချယ်လ်ဆီးနည်းပြဟောင်းက ၎င်း၏ ပုံမှန်ဘဝကိုပြန်မရမချင်း အပြည့်အဝမပျော်နိုင်သေးဟု ပြောသည်။ အကျဘက် ရောက်နေသည့်အခြေအနေနှင့်ပတ်သက်၍လည်း   မော်ရင်ဟိုက "ကျွန်တော် မပျော်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ချစ်တဲ့အရာတိုင်းကို လည်း ရနိုင်ပါတယ်။

ကျွန်တော့်မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ကျွန်တော်ကြိုက်တဲ့ အေးချမ်းတဲ့ဘဝ၊ ကျွန်တော်ချစ်တဲ့ဘောလုံးစတဲ့ အရာရာတိုင်းကိုလည်း ရနိုင်ပြီး အဲဒီထဲကတစ်ခုမှ အဆုံးအရှုံးမခံနိုင်ပါဘူး။

အပြည့်အဝပျော်ရဖို့အတွက် ဘောလုံးလောကထဲပြန်ဝင်မယ်။ အဲဒါက ကျွန်တော့် သဘာဝအလေ့စရိုက်ပဲ။ ကျွန်တော်မကြာခင်ပြန်လာမယ်" ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly