တီယန်နန်မင်ရင်ပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၃ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဗြိတိန်တွင် စုဝေးဆန္ဒပြ

တီယန်နန်မင်ရင်ပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၃ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဗြိတိန်တွင် စုဝေးဆန္ဒပြ

တီယန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဇွန် ၄ ရက်နေ့က လန်ဒန်နဲ့ ဗြိတိန်နိုင်ငံတစ်ဝန်းတွင် လူပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြသည်။

လန်ဒန်၌ “ဒီမိုကရေစီအတွက် စည်းလုံးမှု” စုဝေးပွဲကို ညနေ ၄ နာရီမှ ၅ နာရီခွဲအထိ ဒေါင်းနင်း ၁၀ လမ်းတစ်ဖက်ရှိ ဝှိုက်ဟောလမ်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို တိဗက်နှင့်ဖိနှိပ်ခံလူနည်းစုများအတွက် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့၊ ဝီဂါများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုရပ်တန့်ရေးအဖွဲ့၊ တိဗက်လွတ်မြောက်ရေးနှင့် ကမ္ဘာ့ဝီဂါကွန်ဂရက်တို့ကလည်း ထောက်ခံခဲ့ကြသည်။

ညနေ ၇ နာရီခွဲမှ ၁၀ နာခွဲအထိ လန်ဒန်ရှိ တရုတ်သံရုံးပြင်ပတွင် ဖယောင်းတိုင်မီးထွန်းပြီး အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့ကြသည်။

ဥပဒေပြုကောင်စီမှအဖွဲ့ဝင်ဟောင်းဖြစ်သူ နာသန်လော်က အခမ်းအနား မိန့်ခွန်း၌ ကျောင်းသားများ၊ အတတ်ပညာရှင်များနှင့်အလုပ်သမားများသည် လွန်ခဲ့သည့် ၃၃ နှစ်က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးခဲ့ရပြီး ယခုအခါ ဟောင်ကောင်၊ တိဗက်နှင့် အရှေ့တာကစ္စတန်မှပြည်သူများသည် တရုတ်နိုင်ငံတွင် ဒီမိုကရေစီနှင့်တာဝန်ခံမှုကို လိုချင်နေကြသည်ဟု နေသန်လောက ပြောသည်။

ထို့ပြင် ရှီကျင့်ဖျင်လက်ထက် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် မြန်မာစစ်တပ်၊ အာဖဂန်နစ္စတန်မှ တာလီဘန်နှင့် ရုရှားတို့ကို ကူညီထောက်ပံ့နေသည်။

လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့ Hong Kong Watch မှ ဘန်ရော့ဂျာက တီယန်နန်မင် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအား ယူကရိန်းစစ်ပွဲနှင့်နှိုင်းယှဉ်လျက် အာဏာရှင်စနစ်နှင့်ဒီမိုကရေစီ၊ အမိန့်ပေးအာဏာပြ ဝါဒနှင့် လွတ်မြောက်ခွင့်အကြား တိုက်ပွဲဟု ဆိုခဲ့သည်။

ဧပြီ ၁၅ ရက်မှ စတင်ခဲ့သည့် ဆန္ဒပြပွဲများသည် ဇွန် ၄ ရက်တွင် တရုတ်စစ်တပ်၏ ချေမှုန်းမှုကို ခံရပြီး တရုတ်နိုင်ငံတစ်လွှားရှိ မြို့ကြီးများတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြနေသော ကျောင်းသားများကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်သည့်အဆင့်ထိ ဖြစ်ခဲ့သည်။

၁၉၈၉ ခုနှစ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် နစ်နာခဲ့ရသူများသည် တရားမျှတမှုအတွက် စောင့်ဆိုင်းနေရဆဲဖြစ်ပြီး ကြေကွဲစရာဖြစ်ရပ်အတွက် အစိုးရက တာဝန်ခံမှုမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required